Connect with us

Asia

ခေတ်သစ်ဆီသို့တက်လှမ်းရန်အတွက် တရုတ်နှင့်ရုရှား ဆက်ဆံရေးမြှင့်တင်မည်

ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင် က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် အားဇွန်လ ၅ ရက် က မော်စကိုမြို့၊ကရင်မလင် နန်းတော်တွင်ကြိုဆိုနှုတ်ဆက်စဉ်(ဆင်ဟွာ)

မော်စကို၊ ဇွန် ၆ ရက်(ဆင်ဟွာ)

ကမ္ဘာ့အင်အားကြီးနိုင်ငံနှစ်ခုဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့်ရုရှားနိုင်ငံတို့၏ခေါင်းဆောင်များ က ခေတ်သစ်ဆီသို့တက်လှမ်းနိုင်ရန်အတွက် နှစ်နိုင်ငံမဟာဗျူဟာမြောက် လက်တွဲဆွေးနွေးဖက်များ အဖြစ်ရပ်တည်လာနိုင်စေရန်နှစ်နိုင်ငံအကြားဆက်ဆံရေးများကိုအဆင့်မြှင့်တင်သွားကြမည်ဖြစ်သည် ဟု ဇွန်လ ၅ ရက်တွင်သဘောတူခဲ့ကြပေသည်။သဘောတူညီချက်အား တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် နှင့် ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင် တို့နှစ်ဦး၏ဆွေးနွေးပွဲတွင်ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

အစည်းအဝေး၌ခေါင်းဆောင်နှစ်ဦးကလွန်ခဲ့သောနှစ် ၇၀ ကာလအတွင်းနှစ်နိုင်ငံဆက်ဆံရေးတိုးတက် မှုများကိုပြန်လည်သုံးသပ်ခဲ့ကြပြီး အိမ်နီးချင်းကောင်းများအဖြစ်ရပ်တည်သွားရေးနှင့်နှစ်ဖက်အကျိုးတူ ဝါဒကို ကိုင်စွဲကျင့်သုံးရေးကိုလည်း သဘောတူခဲ့ကြသည်။ နှစ်နိုင်ငံပြည်သူများသာမက ကမ္ဘာ့ပြည်သူ များပါအကျိုးအမြတ်ဖြစ်စေရေးအတွက် နှစ်နိုင်ငံအကျိုးတူဆက်ဆံရေးများတိုးမြှင့်ကာ နှစ်နိုင်ငံမဟာ

ဗျူဟာမြောက် လက်တွဲဆွေးနွေးဖက်များ အဖြစ်ခေတ်သစ်ဆီသို့တက်လှမ်းနိုင်ရေးဆောင်ရွက်သွားကြ မည်ဟုခေါင်းဆောင်နှစ်ဦးက သဘောတူခဲ့ကြခြင်းဖြစ်သည်။

သမ္မတရှီက၎င်းအနေဖြင့် ၂၀၁၈ ခုနှစ်တွင်သမ္မတအဖြစ်ပြန်လည်ရွေးကောက်ခံရပြီးနောက် ရုရှားနိုင်ငံ သို့ ပထမဆံုံးအကြိမ်နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်အဖြစ်လာရောက်ခဲ့သေးကြောင်း၊ ၂၀၁၃ ခု နှစ်မှစ၍ ၎င်းအနေဖြင့် ရုရှားသို့ ရှစ်ကြိမ် လာရောက်လည်ပတ်ခဲ့ပြီးဖြစ်ကြောင်း၊ တရုတ်-ရုရှားနှစ်နိုင်ငံ ဆက်ဆံရေးပုံမှန်အဆက်မပြတ် ခိုင်မြဲစွာတိုးတက်လျက်ရှိကြောင်း နှင့် သမိုင်းကြောင်းတစ်လျှောက်အ အောင်းဆုံးအခြေအနေလည်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့်ရုရှားနိုင်ငံသမ္မတဗလာဒီမာပူတင်တို့ခေါင်းဆောင် သောအဖွဲ့များဇွန်လ ၅ ရက် ကမော်စကိုမြို့၊ကရင်မလင်နန်းတော်တွင်ဆွေးနွေးပွဲပြုလုပ်စဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်နှင့်ရုရှားနိုင်ငံသမ္မတဗလာဒီမာပူတင်တို့နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးအတွက်သဘောတူညီချက်များကိုလက်မှတ်ရေးထိုးလဲလှယ်စဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်နှင့်ရုရှားနိုင်ငံသမ္မတဗလာဒီမာပူတင်တို့်မော်စကိုမြို့တိရစ္ဆာန် ရုံတွင် ပင်ဒါအိမ်ဖွင့်ပွဲသို့ ဇွန်လ ၅ ရက်ကသွားရောက်လည်ပတ်စဉ် (ဆင်ဟွာ)

ထို့ပြင် ရှီ ကနှစ်နိုင်ငံစလုံးကပင် တစ်ဦးကိုတစ်ဦး မိမိတို့နိုင်ငံ၏အကျိုးစီးပွားများကို ကာကွယ်ရန် အား ထုတ်မှုများကိုခိုင်မြဲစွာထောက်ခံကြကြောင်းနှင့်နှစ်နိုင်ငံအကြား နိုင်ငံရေးနှင့်မဟာဗျူဟာဆိုင်ရာအပြန် အလှန်ယုံကြည်အားထားမှုများ ကိုပျိုးထောင်သွားကြမည်ဖြစ်ကြောင်းလည်းပြောခဲ့သည်။ သမ္မတရှီ က နှစ်နိုင်ငံအနေဖြင့် နှစ်ဖက်အကျိုးတူဆက်ဆံရေးကြောင့်ပြည်တွင်းတွန်းအားစုများပေါ်ထွန်းလာခြင်းနှင့် နှစ်နိုင်ငံစလုံး၏အကျိုးစီးပွားများနက်ရှိုင်းမှုပိုမိုထပ်တူကျလာသည်နှင့်အမျှ ဘက်စုံပူးပေါင်းဆောင်ရွက် ရေးကိုဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း ထပ်ဆင့်ပြောကြားခဲ့သည်။

ဆက်လက်၍ သမ္မတရှီကတရုတ်နိုင်ငံနှင့်ရုရှားနိုင်ငံတို့သည်နိုင်ငံတကာရေးရာများနှင့်ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုများတွင်တက်ကြွသောကဏ္ဍများမှပါဝင်နေကြောင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်တည်ငြိမ်မှုတို့ အ တွက် သာမကနိုင်ငံတကာတရားမျှတမှုနှင့် တရားစီရင်မှု တို့အတွက်ပါအရေးကြီးသောအထောက်အပံ့ များ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်းပြောခဲ့သည်။

နှစ်နိုင်ငံအကြား စီးပွားရေးနှင့်ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုများ အဆင့်မြှင့်တင်ရေးအပြင် မဟာ ဗျူဟာမြောက်သောအဓိကစီမံကိန်းကြီးများကိုဆောင်ရွက်ရန် နှစ်ဖက်စလုံးက တွန်းအားပေးသွားမည် ဖြစ်ကြောင်း၊စီးပွားရေးနှင့်ကုန်သွယ်ရေး၊ရင်းနှီးမြှုပ်နှံမှု၊စွမ်းအင်၊နည်းပညာ၊အာကာသလေကြောင်း၊နှစ် နိုင်ငံဆက်သွယ်မှု၊စိုက်ပျိုးရေးနှင့်ငွေကြေးဆိုင်ရာကဏ္ဍများတွင်ပါ ပူးပေါင်းဆောင်ရွက်သွားကြရန် နှစ် နိုင်ငံစလုံးကလိုလားကြောင်းလည်း ရှီကပြောကြားခဲ့သေးသည်။

ရုရှားနိုင်ငံသမ္မတဗလာဒီမာပူတင်ကလည်းတရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် ၏ခရီးစဉ်ကိုကြိုဆိုပါကြောင်း၊ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး အနှစ် ၇၀ ကာလအတွင်း ပူးတွဲအားထုတ်ကြိုးပမ်းမှုများရှိခဲ့ကြောင်း၊ယခု အခါတွင် ရုရှား-တရုတ် နှစ်နိုင်ငံဆက်ဆံရေးမှာမကြုံစဘူးအောင်အမြင့်မားဆုံးအဆင့်တွင်ရောက်ရှိနေ ကြောင်း၊နှစ်နိုင်ငံအကြား ဘက်စုံဖလှယ်မှုများနှင့်ပူးပေါင်းဆောင်ရွက်မှုများကအကျိုးဖြစ်ထွန်းမှုများဖြစ် စေခဲ့ကြောင်း ပြောကြားခဲ့သည်။

သမ္မတပူတင်ကရုရှားအနေနှင့်တရုတ်နိုင်ငံသို့လိုအပ်သောရေနံနှင့်သဘာဝဓါတ်ငွေ့တို့ကိုပံ့ပိုးပေးသွားလိုကြောင်းနှင့်ပဲငပိနှင့်အခြားသီးနှံများကိုပါတရုတ်သို့ပိုမိုတင်ပို့လိုကြောင်း၊ ယူရေဆီးယံစီးပွားရေးသမ ဂ္ဂ နှင့် ရပ်ဝန်းနှင့်ပိုးလမ်းမအဆိုပြုချက် တို့အကြား လျင်မြန်စွာဆက်သွယ်မှုပြုသွားနိုင်ရန် မျှော်လင့်ပါ ကြောင်းလည်းပြောခဲ့သည်။

ခေါင်းဆောင်နှစ်ဦးကဆွေးနွေးပွဲ အပြီးတွင် ပူးတွဲကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ရာ တရုတ်-ရုရှား နှစ် နိုင်ငံဆက်ဆံရေး ကခေတ်သစ်တစ်ခုသို့ဝင်ရောက်ခဲ့ပြီဖြစ်ကြောင်း၊ပိုမိုဖွံ့ဖြိုးတိုးတက်မှုအတွက်အလား အလာကောင်းများကိုတွေ့နေရကြောင်းဖေါ်ပြခဲ့သည်။

ထို့ပြင်ဆွေးနွေးပွဲအပြီးတွင် ခေါင်းဆောင်နှစ်ဦးကနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးအတွက်သဘောတူ ညီချက်များကိုလက်မှတ်ရေးထိုးခဲ့ကြပြီး ရုရှားနိုင်င၊ံတူလာဒေသတွင် Great Wall Motor ကားကုမ္ပဏီ စက်ရုံမှထုတ်လုပ်သောမော်တော်ကားများပြသပွဲအားတက်ရောက်ခဲ့ကြကာမော်စကိုမြို့တိရစ္ဆာန်ရုံတွင် ပင်ဒါအိမ်ဖွင့်ပွဲသို့ သွားရောက်ခဲ့ကြောင်းလည်းသိရသည်။

ထို့ကြောင့်လည်းကမ္ဘာ့အင်အားကြီးနိုင်ငံနှစ်ခုဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့်ရုရှားနိုင်ငံတို့၏ ဆက်ဆံရေးက ယခုအခါမကြုံစဘူးအထူးကောင်းမွန်တိုးတက်သည့်အခြေအနေသို့ရောက်နေပြီဟုသာ ဆိုရပေမည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.