Asia
ဖိလစ်ပိုင်တွင် မန်ကွတ်တိုင်ဖွန်းမုန်တိုင်းကြောင့် သေဆုံးသူ ၂၅ဦး ရှိလာ

မနီလာ၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)
ဖိလစ်ပိုင်နိုင်ငံ လူဇုန် (Luzon) ကျွန်း၏ မြောက်ဘက်စွန်းသို့ အင်အားပြင်းထန်သော မန်ကွတ်တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် သေဆုံးသူ ၂၅ဦး ရှိလာကြောင်း ပြည်တွင်းမီဒီယာ က စက်တင်ဘာ ၁၆ ရက်တွင် ဖော်ပြခဲ့သည်။
သေဆုံးသူ အယောက် ၂၀ သည် လူဇုန် ကျွန်းရှိ Cordillera ဒေသ မှ ဖြစ်ပြီး ၄ဦးမှာ Nueva Vizcaya ဒေသ နှင့် ကျန်တစ်ဦးမှ Ilocos ဒေသမှဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံ သမ္မတရုံးနိုင်ငံရေးအကြံပေး Francis Tolentino ၏ ပြောကြားချက်ကို ကိုးကား၍ သတင်းများ၌ ဖော်ပြထားသည်။
Cordillera ဒေသ၌ အခြားလူ ၂ဦးလည်းပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။
စူပါတိုင်ဖွန်းမုန်တိုင်း မန်ကွတ် သည် ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်း သို့ စက်တင်ဘာ ၁၅ ရက် ဒေသစံတော်ချိန် နံနက် ၁း၄၀နာရီတွင် ဝင်ရောက်တိုက်ခတ်ခဲ့ပြီး သစ်ပင်များ အမြစ်မှ ကျွတ်ပါခြင်း၊ အိမ်ခေါင်မိုးများ လွင့်ထွက်သွားခြင်း၊ ပြတင်းပေါက်မှန်များ တစ်စစီကွဲအက်ခြင်းများ နှင့်အတူ ကျွန်း၏ နေရာအနှံ့အပြားတွင် ရေကြီးမြေပြိုမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မန်ကွတ်တိုင်ဖွန်းမုန်တိုင်းသည် ဖိလစ်ပိုင်နိုင်ငံ ကုန်းတွင်းပိုင်းမှ စက်တင်ဘာ ၁၅ရက်ညပိုင်းတွင် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ (Xinhua)