Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလှုပ်ရှားမှုတွင် မြို့တော်ဝန်ဟောင်းနှင့် ၎င်း၏ အစ်ကိုသေဆုံး

အခင်းဖြစ်ပွားရာနေရာတစ်နေရာအား လုံခြုံရေးစည်းတားထားသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မာဂွင်ဒါနိုပြည်နယ်တွင် မူးယစ်ဆေးဝါး ဆန့်ကျင်တိုက်ဖျက်မှု စစ်ဆင်ရေးများအတွင်း မြို့တော်ဝန်ဟောင်းတစ်ဦးနှင့် ၎င်း၏ အစ်ကိုဖြစ်သူတို့ ဇန်နဝါရီလ ၄ ရက်အစောပိုင်းက သေဆုံးသွားခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့၏ ကနဦးအစီရင်ခံစာများအရ Parang မြို့တော်ဝန်ဟောင်း တာလစ်အာဘို (Talib Abo) နှင့် ၎င်း၏အစ်ကိုတို့သည် ရှာဖွေရေးဝရမ်းများ လုပ်ဆောင်သည့် ရဲတပ်ဖွဲ့ဝင်များအား သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြကြောင်း သိရသည်။

အာဘိုသည် ဖိလစ်ပိုင်နိုင်ငံ သမ္မတ ရိုဒရီဂို ဒူတာတေး (Rodrigo Duterte) ၏ မူးယစ်ဆေးဝါးနှင့် ဆက်စပ်သော နိုင်ငံရေးသမားများ စာရင်းဝင်သူဖြစ်သည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မွတ်ဆလင်ဘာသာဝင်တို့၏ မင်ဒါနာအိုဒေသ၏ ဒေသဆိုင်ရာ မူးယစ်တိုက်ဖျက်ရေး ညွှန်ကြားရေးမှူး Juvenal Azurin က အာဘိုနှင့် ၎င်း၏အစ်ကိုတို့က ခုခံသည့်အတွက် ပစ်ခတ်ခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းတို့ညီအစ်ကိုနှစ်ဦးအား ဆေးရုံသို့ အလျင်အမြန်ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စီးနင်းတိုက်ခိုက်မှုအတွင်း စွမ်းအားမြင့်လက်နက်များနှင့် တရားမဝင် မူးယစ်ဆေးအချို့ကို သိမ်းဆည်းရမိခဲ့သည်။

၂၀၀၆ ခုနှစ်တွင် ဒါဗာအိုမြို့တော်ဝန်ဖြစ်ခဲ့ဖူးသူ ဒူတာတေးက အာဘိုကို ကော့တာဘာတိုမြို့မှ ဒါဗာအိုမြို့သို့ မက်သာဖက်တမင်းမူးယစ်ဆေးဝါး မှောင်ခိုသွင်းရန်ကြိုးပမ်းမှုဖြင့် မူးယစ်ဆေးဝါးနှင့် ဆက်စပ်မှုရှိသော နိုင်ငံရေးသမား စာရင်းသို့ ထည့်သွင်းခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.