Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု တိုးပွား ၊ သေဆုံးသူ ၄၅၀ ကျော် ရှိပြီဖြစ်

စာသင်ကျောင်းဝန်းတစ်ခုတွင် ခြင်ဆေးဖြန်းနေသည်ကိုတွေ့ရစဉ်(ဆင်ဟွာ)

မနီလာ၊ ဇူလိုင် ၁၆ ရက်(ဆင်ဟွာ)

ယခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနှုန်း တိုးပွားလာကြောင်း ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီးဌာန၏ ဇူလိုင် ၁၅ ရက်တွင် ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။ ယခုနှစ်တွင် ဖိလစ်ပိုင်၌ သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ အနည်းဆုံး ၄၅၀ ရှိကြောင်း ဒေသခံမီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။

ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဇွန် ၂၉ ရက် အထိ နိုင်ငံတစ်ဝန်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၀၆,၀၀၀ကျော်ရှိရာ ယမန်နှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက ၈၅ ရာခိုင်နှုန်း တိုးလာကြောင်း ဖိလစ်ပိုင် ကျန်မာရေးဝန်ကြီးဌာနက ဇူလိုင် ၁၅ ရက်တွင် ပြောကြားခဲ့သည်။

ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီး Francisco Duque က သွေးလွန်တုပ်ကွေးရောဂါသည် လက်ရှိတွင် ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းနှင့်တောင်ပိုင်းဒေသများ အဓိက အဖြစ်များကြောင်း ၊ တစ်နိုင်ငံလုံးသို့ ပျံ့နှံ့သည့်အနေအထားမျိုး မရှိသေးသော်လည်း ရောဂါဖြစ်ပွားမှုနှုန်း တိုးပွားလာသောကြောင့် အစိုးရအနေဖြင့် ရောဂါအဖြစ်များရာ နေရာများတွင် သတိပေးချက်ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း ၊ အများပြည်သူကိုလည်း သွေးလွန်တုပ်ကွေး ရောဂါ သတိထားကြိုတင်ကာကွယ်စေလိုကြောင်း ပြောကြားခဲ့သည်။

သွေးလွန်တုပ်ကွေးရောဂါသည် ခြင်မှတစ်ဆင့်ကူးစက်တတ်သည့်ရောဂါဖြစ်ပြီး အပူပိုင်းဒေသ၊အပူလျော့ပိုင်းဒေသများတွင် အဖြစ်များလေ့ရှိသည်။ ယခုနှစ် အရှေ့တောင်အာရှ ဒေသများတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှု တိုးမြင့်လာရာ လာအို၊ ဗီယက်နမ်စသည့်နိုင်ငံများတွင် အခြေအနေ ဆိုးဝါးကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.