Asia
ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း၌ နဂါးလှေတိမ်းမှောက်မှုတွင် လှေထိုးသား ၇ ဦးရေနစ်သေဆုံး

မနီလာ ၊ စက်တင်ဘာ ၂၅ ရက်(ဆင်ဟွာ)
ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း ဘိုရာကေကျွန်း(Boracay) ကမ်းလွန်းရေပြင်တွင် ယနေ ့စက်တင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် လူ ၂၁ ဦးလှော်ခတ်ရသော နဂါးလှေလှော်အသင်းမှ လှေတစ်စင်း တိမ်းမှောက်မှုဖြစ်ပွားရာ လှေထိုးသား ၇ ဦး သေဆုံးသွားကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ ့က အတည်ပြုပြောကြားခဲ့သည်။(Xinhua)