Asia
ဖိလစ်ပိုင် တောင်ပိုင်းတွင် လက်ပစ်ဗုံးကြောင့် ဘုရားကျောင်းသို့လာရောက်သူ ၁၂ဦးဒဏ်ရာရရှိ
မနီလာ၊ ဒီဇင်ဘာ ၂၅ရက် (ဆင်ဟွာ)
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် ခရစ်စမတ်အကြိုနေ့ဖြစ်သည့် ဒီဇင်ဘာ ၂၄ရက်ညက လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှု တစ်ခုဖြစ်ပွားခဲ့ရာ ၁၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ နှင့် သတင်းဋ္ဌာနက ဖော်ပြခဲ့သည်။
North Cotabato ပြည်နယ်၊ Midsayap မြို့တွင် ည ၉း၄၅နာရီက ခရစ်စမတ်နေ့အကြိုပွဲတော်သို့ လာရောက်ကြသည့်လူအုပ်အတွင်းသို့ အမည်မသိ အမျိုးသားတစ်ဦး က လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့က လက်ပစ်ဗုံးကြောင့် လူတချို့ ဒဏ်ရာ အသေးစားများ ရရှိခဲ့ပြီး လူတစ်ဦးမှာမူ ဒဏ်ရာပြင်းထန်ကြောင်းပြောကြားခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုအား မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းကိုမူ မသိရှိသေးပေ။ (Xinhua)