Connect with us

Asia

အိန္ဒိယဝန်ကြီးချုပ်က ပါကစ္စတန်ဝန်ကြီးချုပ်၏ ၆၇နှစ်ပြည့်မွေးနေ့အတွက် ဆုတောင်းစကားပေးပို့

အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒါမိုဒီ (ညာ) နှင့် ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ် နာဝတ်ဇ် ရှာရစ်ဖ် (ဘယ်) တို့ လက်ဆွဲနှုတ်ဆက်နေစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဒီဇင်ဘာ ၂၆ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒါမိုဒီ သည် ဒီဇင်ဘာ ၂၅ရက်တွင် ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ် နာဝတ်ဇ် ရှာရစ်ဖ် ၏ ၆၇နှစ်ပြည့်မွေးနေ့ အတွက် ဆိုရှယ်မီဒီယာမှတစ်ဆင့် မွေးနေ့ဆုတောင်းစကားပေးပို့ခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံဝန်ကြီးချုပ် က “ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ် နာဝတ်ဇ် ရှာရစ်ဖ် အသက်ရှည်ကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်” ဟု နံနက်ပိုင်းတွင် တွစ်တာ၌ရေးသားခဲ့သည်။ပါကစ္စတန်အခြေစိုက် စစ်သွေးကြွများ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး မပြေလည်မှုများ ရှိနေသည့်ကြားက အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် သည် ပါကစ္စတန်ဝန်ကြီးချုပ်ထံ ငြိမ်းချမ်းရေး လက္ခဏာသံလွင်ခက် ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိုဒီသည် ၂၀၁၅ခုနှစ်ကလည်း ပါကစ္စတန်နိုင်ငံ လာဟိုးမြို့သို့ အစီအစဉ်မရှိဘဲ သွားရောက်၍ ရှာရစ်ဖ်ထံ ပုဂ္ဂိုလ်ရေးအရ မွေးနေ့ဆုတောင်းစကားပြောကြားခဲ့ပြီးနောက် ၎င်း ၏ဆွေမျိုးတစ်ယောက် မင်္ဂလာပွဲသို့တက်ရောက်ခဲ့ကြောင်း သိရသည်။သို့သော် ပန်ဂျပ်ပြည်နယ် မြောက်ပိုင်း ပက်တန်ကော့မြို့ရှိ အိန္ဒိယလေတပ်အခြေစိုက်စခန်းအား ပါကစ္စတန် စစ်သွေးကြွများက အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုဆိုးရွားလာကြောင်း သိရသည်။ (Xinhua)