Connect with us

Asia

ဗီယက်နမ်လေယာဉ်တစ်စီး ငှက်နှင့် တိုက်မိ၍ အရေးပေါ်ဆင်းသက်ခဲ့ရ

ငှက်နှင့်တိုက်မိခဲ့သည့် လေယာဉ်တစ်စီး၏ အင်ဂျင်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဟနွိုင်း၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)

ဗီယက်နမ်လေယာဉ်တစ်စီး သည် သြဂုတ် ၁၅ ရက်က ပျံသန်းနေစဉ် ငှက်တစ်ကောင် နှင့် တိုက်မိ၍ အရေးပေါ် ဆင်းသက်မှု တစ်ခု ပြုလုပ်ခဲ့ရကြောင်း သိရသည်။

ဗီယက်နမ်လေကြောင်းလိုင်းပိုင် VN249 လေယာဉ်သည် သြဂုတ် ၁၆ ရက် နေ့လည်ပိုင်း၌ မြို့တော် ဟနွိုင်း ရှိ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ် မှ ဗီယက်နမ်တောင်ပိုင်း ဟိုချီမင်းမြို့သို့ ဦးတည်ပျံသန်းလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လေဆိပ်မှ ထွက်ခွာလာပြီး မိနစ် ၂၀ ခန့်အကြာတွင် လေယာဉ်ဝန်ထမ်းတစ်ဦးသည် အင်ဂျင်အတွင်း၌ ပုံမှန်မဟုတ်သည့် အသံများကြားရ၍ လေယာဉ်အား Noi Bai လေဆိပ်သို့ ပြန်လှည့်ခဲ့ရကြောင်း နိုင်ငံပိုင်လေကြောင်းလိုင်း၏ သြဂုတ် ၁၆ ရက်ပြောကြားချက်ကို ကိုးကား၍ Thanh Nien (Young People) ပြည်တွင်း အွန်လိုင်း သတင်းစာ ကဖော်ပြခဲ့သည်။
လေယာဉ်အား လေဆိပ်၌ စစ်ဆေးမှုများပြုလုပ်ရာ နည်းပညာရှင်များက အင်ဂျင်အတွင်း၌ ငှက်သေတစ်ကောင်ကို တွေ့ရှိခဲ့ပြီး ဗီယက်နမ်လေကြောင်းလိုင်း ကိုယ်စားလှယ်တစ်ဦးက ပြဿနာရင်းမြစ် သည် လေယာဉ် နှင့် ငှက် တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လေယာဉ်ပေါ်၌ လိုက်ပါလာသည့် ခရီးသည်အားလုံးကို ၎င်းတို့၏ ခရီးစဉ်ဖြစ်သည့် ဟိုချီမင်းမြို့သို့ ဆက်လက်သွားရောက်နိုင်ရန် အခြားလေယာဉ်နှင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံ လေကြောင်းလိုင်းများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (ACV) က ဟနွိုင်း နှင့် ဟိုချီမင်း မြို့ရှိ နိုင်ငံ၏ အဓိကလေဆိပ်ကြီး နှစ်ခုတွင် ငှက်များအား ရှင်းလင်းနိုင်ရန် ပြင်ပအပျက်အစီး အရာဝတ္ထုများ ထောက်လှမ်းရေးစနစ် (Foreign Object Debris detection system) တပ်ဆင်သွားရန် ဗီယက်နမ်နိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဋ္ဌာနသို့ မကြာသေးမီက အဆိုပြုလွှာ တင်သွင်းခဲ့ကြောင်း သိရသည်။
သို့သော် ဗီယက်နမ်နိုင်ငံ ပြည်တွင်းလေကြောင်းဦးစီးဋ္ဌာန က ACV အား အဆိုတင်သွင်းချက်၏ ဖြစ်နိုင်ခြေများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များ နှင့် ပြင်ပအပျက်အစီး အရာဝတ္ထုများ ထောက်လှမ်းရေးစနစ် (Foreign Object Debris detection system) ၏ စွမ်းဆောင်ရည်များကို လေ့လာရန် ပြောကြားခဲ့သည်။
အစောပိုင်းကာလများတွင်လည်း ဗီယက်နမ် လေကြောင်းလိုင်းများသည် ငှက်နှင့် လေယာဉ် တိုက်မိသည့် မတော်တဆဖြစ်ရပ်များစွာ နှင့် ကြုံတွေ့ခဲ့ဖူးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.