Connect with us

Asia

ဗီယက်နမ်၌ ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှု ၁၁ လအတွင်း မျှော်မှန်းပမာဏထက် ကျော်လွန်

ဗီယက်နမ်နိုင်ငံ၏ နာမည်ကျော် ဟာလောင်ဘေး ရှုခင်းအား မြင်တွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဟနွိုင်း ၊ နိုဝင်ဘာ ၂၈ ရက်(ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ၌ ၂ဝ၁၆ ခုနှစ် ပထမဆုံး ၁၁ လအတွင်း ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှုမှာ ၉ သန်းကျော် ရှိကြောင်း ၊ ယခင်နှစ်အလားတူကာလထက်၂၅.၅ ရာခိုင်နှုန်းတိုးတက်လာကြောင်း နှင့် ၂ဝ၁၆ ခုနှစ် တစ်နှစ်လုံးတွင် ဗီယက်နမ်သို့ခရီးသည် ဝင်ရောက်မှု ၈.၅ သန်း ကျော် ရှိမည် အစောပိုင်ခန့်မှန်းချက်ထက်သာ လွန်သွားပြီဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံ အထွေထွေသန်းခေါင်စာရင်းရုံး(GSO)က နိုဝင်ဘာလ ၂၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဗီယက်နမ်နိုင်ငံသို့ခရီးသွားအများဆုံးလာရောက်ခဲ့သည့် နိုင်ငံများမှာ တရုတ် ၊ တရုတ်(ဟောင်ကောင်)၊ တောင်ကိုးရီးယား ၊ နယူးဇီလန် ၊ ရုရှား ၊ ထိုင်း ၊ အီတလီ ၊ စပိန် ၊နယ်သာလန် နှင့် ဗြိတိန် နိုင်ငံတို့ဖြစ်ကြောင်း သိရသည်။

၂ဝ၁၆ ခုနှစ် ပထမ ၁၁ လအတွင်း ခရီးသွားလုပ်ငန်းမှ ဝင်ငွေ ဗီယက်နမ်ဒေါင်ငွေ ၃၆၈.၆ ထရီလီယံ( အမေရိကန်ဒေါ်လာ ၁၆.၂ ဘီလီယံ) ရရှိခဲ့ကြောင်း ၊ ယခင်နှစ်ထက် တိုးတက်မှုပမာဏမှာ ၁၈.၆ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံသည် ၂ဝ၁၆ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း နှင့် ပြည်တွင်းခရီးသွားလုပ်ငန်းများမှ အသားတင်ဝင်ငွေ ဗီယက်နမ်ဒေါင်ငွေ ၄ဝဝ ထရီလီယံ ( အမေရိကန်ဒေါ်လာ ၁၇.၆ ဘီလီယံ) ရရှိရန် ရည်မှန်းထားကြောင်း GSO က ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.