Connect with us

Asia

ဘင်္ဂလားဒေရှ့်၌ အိဒ်ပွဲတော် ကျင်းပနေစဉ် ဗုံးပေါက်ကွဲရာ ရဲတပ်ဖွဲ့ဝင် တစ်ဦး အပါအဝင် လူ ၁ဝ ဦး ဒဏ်ရာရ

ဘင်္ဂလားဒေရှ့်နိုင်ငံ ဒါကာမြို့၌ အိဒ်နေ့ဝတ်ပြုဆုတောင်းသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဒါကာ ၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေရှ့်နိုင်ငံ ဒါကာမြို့အရှေ့မြောက် ၁၁၇ ကီလိုမီတာအကွာရှိ Kishoreganj ခရိုင်၌ ဇူလိုင်လ ၇ ရက် နံနက်ပိုင်းက မွတ်စလင် အိဒ်ပွဲတော် ကျင်းပနေစဉ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ ရဲတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးပြီး အခြားရဲတပ်ဖွဲ့ဝင်များ အပါအဝင် လူ ၁ဝ ဦး ဒဏ်ရာ ရခဲ့ကြောင်းသိရသည်။

မွတ်စလင် ဘာသာဝင်များ၏ ရာမာဒန် ဥပုသ်လ အဆုံးသတ်သည့် Eid ul-Fitr ပွဲတော် ကျင်းပသည့်နေ့တွင် ဘင်္ဂလားဒေရှ့်နိုင်ငံ၌ ဝတ်ပြု ဆုတောင်းသူများဖြင့် စည်ကားနေချိန်တွင် ယခုကဲ့သို့ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဗုံးပေါက်ကွဲမှုဖြစ်စဉ် နှင့်ပတ်သက်၍ မျက်မြင်သက်သေများက ပြောကြားရာတွင် နံနက် ၉ နာရီခွဲခန့်က ပေါက်ကွဲသံ အကျယ်ကြီးကို ကြားခဲ့ကြောင်း ဆိုသည်။ သို့သော် ဗုံးပေါက်ကွဲမှုမှာ မည်သူ၏ လက်ချက်ဖြစ်ကြောင်း ချက်ခြင်း မသိရသေးပေ။ ဗုံးပေါက်ကွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင် ၅ ဦး မှ ၆ ဦးခန့်ထိခိုက်ဒဏ်ရာ ရသွားကြောင်း Kishoreganj မှ ရဲအရာရှိတစ်ဦးက ဆင်ဟွာ သတင်းဌာနသို့ပြောသည်။
“ အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေပါတယ်” ဟု အမည်မဖော်လိုသူ ရဲအရာရှိက ဆက်ပြောသည်။ ယခုဗုံးပေါက်ကွဲမှုသည် လွန်ခဲ့သော တစ်ပတ်က နိုင်ငံခြားသား ၁၈ ဦး အပါအဝင် လူပေါင်း ၂ဝ ဦး သေဆုံးခဲ့သည့် ဒါကာမြို့၏ Gulsan သံတမန် ရပ်ကွက်အတွင်းရှိ စားသောက်ဆိုင် တစ်ခု၌ ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှု နောက်ပိုင်း ဘင်္ဂလားဒေရှ့်နိုင်ငံ၌ ထပ်မံ ကြုံတွေ့ခဲ့ရသည့် ပေါက်ကွဲမှုတစ်ခု ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.