Connect with us

Asia

ဘင်္ဂလားဒေ့ရှ်တွင် တင်ပါးဆုံချင်းဆက်အမြွှာ ခွဲစိတ်မည်

တင်ပါးဆုံချင်းဆက်အမြွှာနှင့် ၎င်းတို့၏ မိခင်အား တွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တင်ပါးဆုံချင်းဆက်အမြွှာအား သြဂုတ်လ ၁ ရက်တွင် ခွဲစိတ်မည် ဖြစ်ကြောင်း သိရသည်။

တိုဖာ (Tofa) နှင့် တိုဟူရာ (Tohura) အမည်ရှိသော အမြွှာကလေးငယ် နှစ်ဦးသည် ကျောရိုး တစ်လျှောက် ထိဆက်နေခြင်း ဖြစ်သည်။၎င်းတို့သည် လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်၏ အကြီးဆုံး ပြည်သူ့ဆေးရုံဖြစ်သော ဒါကာ ဆေးဘက်ဆိုင်ရာ ကောလိပ်နှင့် ဆေးရုံတွင် တက်ရောက်ကုသနေခြင်း ဖြစ်ပြီး ၎င်းတို့အား ခွဲစိတ်ရန် အထူးကုဆရာဝန် အဖွဲ့အား ဖွဲ့စည်းထားခဲ့ကြောင်း သိရသည်။

ဆေးရုံဝန်ထမ်းများက တိုဖာနှင့် တိုဟိုရာတို့အား ပြီးခဲ့သည့်နှစ် အောက်တိုဘာလကတည်းက ဆေးရုံက စောင့်ရှောက်ထားခဲ့ခြင်း ဖြစ်ကြောင်း ဒါကာ ဆေးဘက်ဆိုင်ရာ ကလေးအထူးကု ခွဲစိတ်ဋ္ဌာန တွဲဖက် ပါမောက္ခ Shahnoor Islam က ဇူလိုင်လ ၂၉ ရက်က ဆင်ဟွာသို့ ပြောကြားခဲ့သည်။“ကျွန်တော်တို့ ဆေးဘက်ဆိုင်ရာဘတ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ သြဂုတ်လ ၁ ရက်နေ့ နံနက် (ဒေသစံတော်ချိန်) ၈း၀၀ နာရီမှာ ခွဲစိတ်ဖို့ စီစဉ်ထားပါတယ်” ဟု ပြောသည်။

အသက် ကိုးလအရွယ် အဆိုပါ အမြွှာကလေးငယ် နှစ်ဦးအား မြို့တော် ဒါကာမှ ၂၆၈ ကီလိုမီတာအကွာရှိ Gaibandha ခရိုင် မြောက်ပိုင်းတွင် မွေးဖွားခဲ့ပြီး ၎င်းတို့၏ ကျန်းမာရေး အခြေအနေအား ဆေးရုံက စောင့်ကြည့်ခဲ့သည်မှာ ကြာပြီဖြစ်ကြောင်း ဒါကာ ဆေးဘက်ဆိုင်ရာ ကော်လိပ်နှင့် ဆေးရုံ ကလေးအထူးကု ခွဲစိတ်ဋ္ဌာန ဋ္ဌာနမှူး ပါမောက္ခ Ashraf Ul Huq က အစောပိုင်းက ဆင်ဟွာသို့ ပြောကြားခဲ့သည်။အမြွှာကလေးများ၏ မိခင်ဖြစ်သူ Sahida Begum က ၎င်း၏ အမြွှာ သမီးလေး နှစ်ဦးအား ပုံမှန်ဘဝသို့ ပြန်လည်ရောက်ရှိလာရန် မျှော်လင့်ချက် အများကြားထားရှိကြောင်း ပြောကြားခဲ့သည်။

“ဆရာဝန်တွေက ကျွန်မကို မျှော်လင့်ချက် ပေးထားပါတယ်။ ကျွန်မ သမီးလေးတွေ ကောင်းလာစေဖို့ မျှော်လင့်ပါတယ်” ဟု မိခင် Sahida Begum က ပြောခဲ့သည်။ထို့ပြင် ဒါကာရှိ Bangabandhu Sheikh Mujab ဆေးဘက်ဆိုင်ရာ တက္ကသိုလ် (BSMMU) ဆေးရုံတွင် အခြား ခေါင်းချင်းဆက် အမြွှာကလေးငယ် နှစ်ဦး ရာဘီယာ (Rabia) နှင့် ရူကိုင်ယာ (Rukaiya) ကိုလည်း ခွဲစိတ်ကုသရန်ရှိကြောင်း သိရသည်။၂၀၀၂ ခုနှစ် ဇန်နဝါရီလက ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပထမဆုံးအကြိမ် အမြွှာ ကလေးအား ခွဲစိတ်ကုသခဲ့ရာ ယင်း ကလေးငယ်များမှာ နောက်ပိုင်းတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။ နောက်ပိုင်းတွင် ဆရာဝန်များက အမြွှာကလေးများအား ခွဲစိတ်မှုများ လုပ်ပေးခဲ့ပြီး အချို့ကလေးများမှာ အသက်ရှင်ပြီး ကျန်းမာသန်စွမ်းသော ဘဝများ၌ နေထိုင်နေပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.