Connect with us

Asia

တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် တည်ထောင်ခြင်း နှစ် ၉၀ ပြည့် အခမ်းအနား ဒါကာရှိ တရုတ်သံရုံးတွင် ပြုလုပ်

ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် တည်ထောင်ခြင်း နှစ် ၉၀ ပြည့် အခမ်းအနားတွင် မိန့်ခွန်း ပြောကြားနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ် သံမှူး ကျန်းဝေအား တွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)

သြဂုတ်လ ၁ ရက်တွင် ကျရောက်သော တရုတ် ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (PLA) တည်ထောင်ခြင်း နှစ် ၉၀ ပြည့် အထိမ်းအမှတ် အခမ်းအနားအား ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာရှိ တရုတ် သံရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆင့်မြင့် အရာရှိကြီးများ၊ နိုင်ငံရေးသမားများ၊ သံတမန်များနှင့် ကျောင်းသားများ အပါအဝင် လူပေါင်း ၅၀၀ ကျော်က ဇူလိုင်လ ၃၁ ရက် ညတွင် ပြုလုပ်သော အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနား၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ် သံမှူး ကျန်းဝေက လွန်ခဲ့သော နှစ်များအတွင်း တရုတ်-ဘင်္ဂလားဒေ့ရှ် စစ်ရေး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းအား အလေးထား ပြောကြားခဲ့သည်။

လေ့ကျင့်ရေးနှင့် ဖလှယ်ရေးအတွက် တရုတ်နိုင်ငံသို့ သွားရောက်သည့် ဘင်္ဂလားဒေ့ရှ် အရာရှိ အရေအတွက် များပြားလာခဲ့ကြောင်း၊ ယင်းသည် အပြန်အလှန် နားလည်မှုရှိခြင်းနှင့် ယုံကြည်မှုရှိခြင်း မြှင့်တင်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ဘုံ အကျိုးစီးပွားနှင့် ဆက်စပ်နေသော ကိစ္စရပ်များ၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ရပ်တည်မှုအတွက် ကျေးဇူးတင်ရှိကြောင်း တရုတ် ကာကွယ်ရေး သံမှူးက ဖော်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.