Asia
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ၂ဝဝ၄ ခုနှစ် ဗုံးဖောက်ခွဲမှုဖြစ်စဉ်တွင် ပါဝင်ခဲ့သူ ၁၉ ဦးကို သေဒဏ်ပေး ၊ အခြား ၁၉ ဦးကို ထောင်ဒဏ်တစ်သက်ချ

ဒါကာ ၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ တရားရုံးတစ်ခုက ၂ဝဝ၄ ခုနှစ်တွင် လူပေါင်း ၂၄ ဦးသေဆုံးခဲ့ရသော လက်ရှိဝန်ကြီးချုပ် ရှိတ်ဟာစီနာ၏ လူထုစုဝေးပွဲတစ်ခုအား ဗုံးဖောက်ခွဲမှုတွင် ပါဝင်ခဲ့သည့် ယခင်အစိုးရအဖွဲ့ဝင် ဝန်ကြီး နှစ်ဦး အပါအဝင် လူပေါင်း ၁၉ ဦးကို အောက်တိုဘာ ၁ဝရက်က သေဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။
ယခင်ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာ၏ သားဖြစ်သူ Tarique Rahman ၊ လန်ဒန်တွင်နေထိုင်လျက်ရှိသည့် လက်ရှိဘင်္ဂလားဒေ့ရှ်အတိုက်အခံပါတီ(BNP) ယာယီ ဥက္ကဋ္ဌ တို့အပါအဝင် အခြား လူပေါင်း ၁၉ ဦးကို ထောင်ဒဏ်တစ်သက်ချမှတ်ခဲ့ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့၌ ၂ဝ၁၈ ခုနှစ် အောက်တိုဘာ ၁ဝ ရက်က သေဒဏ်ပေးခံရသော တရားခံများအား ရုံးထုတ်လာစဉ်(ဆင်ဟွာ)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့၌ ၂ဝ၁၈ ခုနှစ် အောက်တိုဘာ ၁ဝ ရက်က သေဒဏ်ပေးခံရသော တရားခံများအား ရုံးထုတ်လာစဉ်(ဆင်ဟွာ)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့၌ ၂ဝ၁၈ ခုနှစ် အောက်တိုဘာ ၁ဝ ရက်က သေဒဏ်ပေးခံရသော တရားခံများအား ရုံးထုတ်လာစဉ်(ဆင်ဟွာ)
အဆိုပါ ပြစ်ဒဏ်ထဲတွင် အခြား လူ ၁၁ ဦးကို ထောင်ဒဏ်အသီးသီးချမှတ်ခြင်းများလည်း ပါဝင်ကြောင်း သိရသည်။ အောက်တိုဘာ ၁ဝ ရက်က လုံခြုံရေးတင်းကြပ်စွာချထားသည့် ဒါကာမြို ့တော် တရားရုံးတရားခွင် အမှတ် ၁ တွင် တရားသူကြီး Shahed Nuruddin က စီရင်ချက်အမိန့်ကို ဖတ်ကြားခဲ့ခြင်းဖြစ်သည်။အဆိုပါ အမိန့်ကို နှစ်လ အတွင်း အယူခံဝင်နိုင်ကြောင်း သိရသည်။
၂ဝဝ၄ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ဗုံးဖောက်ခွဲမှုဖြစ်စဉ်အတွင်း ယခင်ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် Mohammad Zillur Rahman ၏ ဇနီး နှင့် Awami အမျိုးသမီးရေးရာအဖွဲ့ချုပ် အတွင်းရေးမှူး ဖြစ်သူ Ivy Rahman အပါအဝင် လူပေါင်း ၂၄ ဦးသေဆုံးခဲ့ရကြောင်း သိရသည်။(Xinhua)