Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ်၌ အင်အားပြင်းငလျင်လှုပ် ၊ လူ ၃ ဦးသေဆုံးပြီး ပျက်စီးမှုများဖြစ်ပေါ်ခဲ့


ဂျကာတာ ၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းဒေသ အရှေ့ဂျာဗားပြည်နယ်တွင် ယနေ့အောက်တိုဘာ ၁၁ ရက် နံနက် အစောပိုင်းက ပြင်းအား ၆.၃ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း ၊ ယင်းငလျင်ကြောင့် လူ သုံး ဦးသေဆုံးပြီး နေအိမ်များ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ရကြောင်း တာဝန်ရှိသူများကဆိုသည်။

ငလျင်သည် ဆူနာမီဖြစ်ပေါ်နိုင်သည်အထိ အင်အားကြီးမားခြင်းမရှိကြောင်း နှင့် Situbondo မြို့၏ အရှေ့မြောက် ၆၁ ကီလိုမီတာ နှင့် ပင်လယ်ပြင်အောက် အနက် ၁ဝ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးဖြစ်သည့် Muhaimin က ဆင်ဟွာသတင်းဌာနသို့ဖုန်းဖြင့် ဖြေကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ်၌ ပြင်းအား ၆.၃ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် မြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ်၌ ပြင်းအား ၆.၃ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် မြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ်၌ ပြင်းအား ၆.၃ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် မြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ငလျင်ဒဏ်ကို Sumenep ခရိုင်၏ ခရိုင်ခွဲတစ်ခုဖြစ်သော Gayam ၌ အဆိုးရွားဆုံးခံစားခဲ့ရကြောင်း ၊ အနီးပတ်ဝန်းကျင်တွင် လူ သုံးဦးသေဆုံးပြီး နေအိမ်အမြောက်အမြား ပျက်စီးဆုံးရှုံးခဲ့ရကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီ မှ ပြောရေးဆိုခွင့်ရှိသူ Sutopo Purwo Nugroho က ပြောကြားခဲ့သည်။

“ သေဆုံးသူများမှာ အဆောက်အအုံပြိုကျရာမှ လွင့်စင်လာသော အပိုင်းအစများထိမှန်၍ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ၊ အခင်းဖြစ်ချိန်တွင် ၎င်းတို့အိပ်ပျော်နေသည့်အတွက် ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ခြင်းမရှိကြောင်း ” ၎င်းက ဆင်ဟွာသတင်းဌာနသို့ဖုန်းဖြင့် စာတို တစ်စောင် ပေးပို့ခဲ့သည်။

သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း Sutopo ကဆိုသည်။

အင်ဒိုနီးရှားနိုင်ငံသည် ပစိဖိတ်မီးစက်ကွင်းဟု ခေါ်သည့် ငလျင်ကျောအတွင်းတည်ရှိနေပြီး မကြာခဏ ငလျင်ဒဏ်ခံစားနေရသည့် နိုင်ငံတစ်ခုဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.