Asia
ဘင်္ဂလားဒေ့ရှ်၌ ရာမာဒန်ပွဲတော်အတွင်း လူ ၉ ဦးသေဆုံး
ဒါကာ ၊ မေ ၁၅ ရက်(ဆင်ဟွာ)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော် အရှေ့တောင်ပိုင်း ၂၄၂ ကီလိုမီတာအကွာရှိ ချက်တာဂရမ်ခရိုင်(Chattagram) ၌ မေလ ၁၄ ရက်က ရာမာဒန်ပွဲတော်အတွင်း လူအုပ်ပိမိမှုကြောင့် အနည်းဆုံး လူ ၉ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
မွတ်စလင်ဘာသာရေးပွဲတော် ရာမာဒန်ဥပုတ်လအတွင်း ရိုးရာအစားအစာ (အီဖတာ)ဝေငှပေးနေသော အလှူအိမ်တစ်ခုရှေ့တွင် လူအုပ်ပိမိမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံရဲအရာရှိတစ်ဦးက ဆိုသည်။
အမည်မဖော်လိုသူအရာရှိတစ်ဦးက ပြောကြားရာတွင် “ လူအုပ်ပိမိလို့အနည်းဆုံး အမျိုးသမီး ၉ ဦးသေဆုံးသွားတယ်” ဟု ဆိုသည်။
အခင်းဖြစ်စဉ်အတွင်း အမျိုးသမီးအများစု နှင့် ကလေးသူငယ်အပါအဝင် အခြား လူပေါင်း ၄ဝ ဦးလည်း ထိခိုက်ဒဏ်ရာရသွားကြောင်း ၎င်း ကဆိုသည်။
မေလ ၁၄ ရက် နံနက်အစောပိုင်းမှ စတင်ကာ အမျိုးသမီးအများစုပါဝင်သော ပြည်သူထောင်ပေါင်းများစွာသည် အီဖတာစားသောက်ဖွယ်ရာများ အလှူပေးသည့် ဒေသခံ လုပ်ငန်းရှင်တစ်ဦး၏ နေအိမ်အနီးတွင် ရောက်ရှိနေခဲ့ကြောင်း သိရသည်။
အခင်းဖြစ်နေရာမှ ဒေသခံများ နှင့် ရဲတပ်ဖွဲ့၏ပြောကြားချက်အရ အလှူစားသောက်ဖွယ်ရာများကို ရရှိအောင် အပြိုင်အဆိုင် လုယူကြရာမှတဆင့် လူအုပ်ကြီးသည် အချင်းချင်းပိမိကြခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)