Connect with us

Asia

ဘင်္ဂလားဒေ့ရှ် မြောက်ပိုင်း စီးနင်းမှုတစ်ခုတွင် စစ်သွေးကြွတစ်ဦးသေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရဲတပ်ဖွဲ့ဝင်များအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဒါကာ၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမြို့ မြောက်ဘက် ၁၂၂ကီလိုမီတာခန့်အကွာ Mymensingh ခရိုင် ရှိ နေအိမ်တစ်လုံးအား ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းစဉ် ပေါက်ကွဲမှုဖြစ်ပွားရာ စစ်သွေးကြွတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

Mymensingh ခရိုင် အကြီးတန်းရဲအရာရှိ Noor-e-Alam က စစ်သွေးကြွများသည် ယင်းနေအိမ်ကို အသုံးပြု၍ ဗုံးများထုတ်လုပ်နေသည်ဟု သံသယရှိကြောင်း သတင်းထောက်များအားပြောကြားခဲ့သည်။၎င်းက လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သွပ်မိုးအိမ် အတွင်း၌ သွေးအိုင်အတွင်း လဲကျနေသော စစ်သွေးကြွတစ်ဦးကို တွေ့ရှိခဲ့ပြီး ယင်းနေအိမ်အား သြဂုတ် ၂၇ ရက် နေ့လည်ပိုင်းမှစ၍ အတားအဆီးများဖြင့် အဝင်အထွက်ပိတ်ထားကြောင်း ပြောကြားခဲ့သည်။

၎င်း က နေအိမ်အတွင်း နောက်ထပ်ဗုံးများ ရှိနေနိုင်၍ ဝင်ရောက်ခြင်း မပြုသေးကြောင်း နှင့် မြို့တော်ဒါကာ မှ ဗုံးရှင်းလင်းရေးအဖွဲ့ တစ်ဖွဲ့ Mymensingh ခရိုင် သို့ လာရောက်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။အဆိုပါ နေရာမှာ စစ်သွေးကြွ၏ ဇနီးနှင့် သားတစ်ဦးကို ထိခိုက်မှုမရှိဘဲ ကယ်ဆယ်ပေးခဲ့ကြောင်း သိရသည်။နောက်ထပ်အသေးစိတ်အချက်အလက်များ ချက်ချင်း ထုတ်ပြန်နိုင်ခြင်းမရှိသေးကြောင်း ရဲအရာရှိက ပြောကြားခဲ့သည်။ (Xinhua)