Connect with us

Asia

မလေးရှားနိုင်ငံသို့ လူမှောင်ခိုကူးမှုအတွက် လူကုန်ကူးသူများအား မြန်မာနိုင်ငံတွင် ဖမ်းမိ

မလေးရှားနိုင်ငံမှ ပြန်လာကြသည့် တရားမဝင်အလုပ်သမားများအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

လူ ၆၃ ဦးအား မလေးရှားနိုင်ငံသို့ လူမှောင်ခိုကူးရန်လုပ်ဆောင်မှုအတွက် လူကုန်ကူးသူတစ်ဦးနှင့် လှေလုပ်သား ၄ ဦးအား ရခိုင်ပြည်နယ် အနောက်ပိုင်းတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့က ဇူလိုင်လ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

ဖမ်းဆီးခံရသူများအား တင်ဆောင်လာသော လှေမှာ မလေးရှားနိုင်ငံသို့သွားရာလမ်းကြောင်း၌ ဆီကုန်သွားခဲ့ပြီး မောင်တောမြို့နယ်ရှိ ကမ်းခြေအနီးသောင်တင်နေသည်ကို နယ်ခြားစောင့်ရဲတပ်ဖွဲ့က ဇူလိုင်လ ၇ ရက်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူများတွင် အဓိကလူကုန်ကူးသူ ဟာမတ်တူဆောင်း (Hamad Tusaung) နှင့် လှေလုပ်သား ၄ ဦး ပါဝင်ခဲ့သည်။

စစ်ဆေးမေးမြန်းမှုအတွင်း ဟာမတ်က ၎င်းအနေဖြင့် ဒေသခံလူများအား မှောင်ခိုကူးရန် မလေးရှားလူကုန်ကူးသူတစ်ဦးနှင့် သဘောတူညီမှုရယူပြီးနောက် မလေးရှားနိုင်ငံမှ ပြန်လာခဲ့ကြောင်း၊ ယင်းသို့လုပ်ဆောင်မှုအတွက် မလေးရှားငွေ ရင်းဂစ် ၃,၀၀၀ (အမေရိကန်ဒေါ်လာ ၇၂၂.၈ ဒေါ်လာ) ရရှိခဲ့ကြောင်း ဝန်ခံခဲ့သည်။

အဆိုပါ ခရီးအား ဦးဆောင်မှုကြောင့် ဟာမတ်က မြန်မာငွေ ကျပ် ၁.၇ သန်း (အမေရိကန်ဒေါ်လာ ၁,၁၃၃) လည်း ရရှိခဲ့သည်ဟု ဆိုသည်။

ဟာမတ်နှင့် လှေလုပ်သား ၄ ဦးတို့အား မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေအရ တရားစွဲဆိုခဲ့ကြောင်း သိရသည်။

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.