Connect with us

Asia

ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် ရေလွှမ်းမိုးမှုကြောင့် ကျောင်းသား နှင့် ဆရာများ ဦးရေ ၂၀ ကျော် သောင်တင်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ၌ ၂၀၁၈ ခုနှစ် ဇန်န၀ါရီလပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီး ရေလျှံမှုများ ဖြစ်ပွားမှု မြင်ကွင်း(ဆင်ဟွာ)

ဘန်ကောက် ၊ ဇူလိုင် ၁၀ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံ မြောက်ပိုင်း ပြည်နယ် Tak တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရွှံ့နွံ့များ ပြိုကျမှုများ ဖြစ်ပွားပြီးနောက် ကျောင်းသား နှင့် ဆရာများ သောင်တင်နေကြောင်း ထိုင်းရုပ်မြင်သံကြားက ဇူလိုင် ၉ ရက်တွင် ရိုက်ကူး ပြသမှုများ အရ သိရသည်။

ရုပ်မြင်သံကြား ၏ ထုတ်လွှင့်မှုများ အရ တောင်ထူ ထပ်သည့် အနေအထားတွင် ရှိသော Tha Song Yang ခရိုင် အတွင်းရှိ ကျေးရွာများသည် ရက်ပေါင်းများစွာ အဆက်မပြတ် မိုးရွာသွန်းမှုများကြောင့် ခရိုင် အတွင်းရှိ Tak ပြည်နယ်တွင် ကျောင်းသား နှင့် ဆရာများ ဦးရေ ၂၀ ကျော် သောင်တင်နေကြကြောင်း သိရသည်။

ကယ်ဆယ်ရေး သမားများ နှင့် အလုပ်သမားများသည် ကျေးရွာ အတွင်းရှိ ကျောင်းသို့ရောက်ရှိရန် ပစ္စည်းကိရိယာများ အသုံးပြု၍ လမ်းရှင်းလင်းရန် အပြေးအလွှား ဆောင်ရွက်နေကြောင်း ရုပ်မြင်သံကြားမှ ပြသမှုများ အရ သိရသည်။

ထို့အတူ ရေစီးဆင်းမှု အားများသဖြင့် လျှပ်စစ် ဓာတ်တိုင်များ ပြိုလဲကာ လျှပ်စစ် ဓာတ်အား ပြတ်တောက်မှုများကြောင့် ခရိုင် အရာရှိများ နှင့် စေတနာ့ ဝန်ထမ်းများသည် လျှပ်စစ် ဓာတ်တိုင် အများအပြားနှင့် ဆောင်ရွက်နေမှုများကို ရုပ်မြင်သံကြားမှ ပြသမှုများ အရ သိရသည်။

အဆိုပါ ကယ်ဆယ်ရေး လုပ်ငန်းစဉ်တွင် စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များကလည်း လမ်းများတွင် ပိတ်ဆို့နေသော ရွှံ့နွံ့များ နှင့် အပျက်အစီးများအား ရှင်းလင်းရန် စက်ယန္တရားကြီးများ အသုံးပြု ဆောင်ရွက် နေကြောင်း ရုပ်မြင်သံကြားမှ ပြသမှုများ အရ တွေ့ရှိရသည်။

ထိုင်းမိုးလေဝသ ဦးစီးဌာန၏ တိုင်းထွာမှု အရ အရှေ့တောင်ဘက်မှ လာသော လေသည် ဇူလိုင် ၁၀ ရက်မှ ၁၅ ရက် အထိ တိုက်ခတ်နိုင်ကြောင်း နှင့် မြောက်ဘက် မြေနိမ့်ပိုင်း ၊ မြောက်-အရှေ့ပိုင်း ၊ နိုင်ငံ အလယ် အနိမ့်ပိုင်း ၊ အရှေ့ပိုင်း နှင့် ထိုင်းပင်လယ်ကွေ့တို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုများ နှင့် ရေလွှမ်းမိုးမှုများ ဖြစ်ပွားနိုင်ကြောင်း သိရသည်။(Xinhua)