Connect with us

Asia

မလေးရှား၌ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူ ပထမဆုံးတွေ့ရှိ

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ အမြွှာမျှော်စင်အားတွေ့ရစဉ်(ဆင်ဟွာ)

ကွာလာလမ်ပူ ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

မကြာသေးမီက စင်ကာပူနိုင်ငံသို့သွားရောက်လည်ပတ်ခဲ့သည့် အမျိုးသမီးတစ်ဦးထံမှ ဇီကာဗိုင်းရပ်စ် ရောဂါကို ပထမဆုံး တွေ့ရှိကြောင်း မလေးရှားနိုင်ငံအစိုးရတာဝန်ရှိသူများက စက်တင်ဘာလ ၁ ရက်တွင် အတည်ပြုပြောကြားသည်။

စင်ကာပူနိုင်ငံသည် မကြာသေးမီ ရက်ပိုင်းများက ဇီကာဗိုင်းရပ်စ် ကျယ်ကျယ်ပြန့်ပြန့်တိုးမြှင့်ကူးစက်ခံခဲ့ရသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ မလေးရှားနိုင်ငံ ဆီလန်ဂေါရှိ ဘန်ဒါဘော့တနစ်မှ အသက် ၅၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးထံမှ ဇီကာဗိုင်းရပ်စ်တွေ့ရှိပြီးနောက်တွင် မလေးရှားကျန်းမာရေးအာဏာပိုင်များသည် နိုင်ငံတွင်း၌ ဗိုင်းရပ်စ် သတိပေးတပ်လှန့်မှုများပြုလုပ်ခဲ့ကြောင်း မလေးရှားနိုင်ငံကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ S.Subramaniam က သတင်းစာရှင်းလင်းပွဲတွင်ပြောကြားသည်။ အဆိုပါ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသည့် အမျိုးသမီးကို ဆေးရုံတင်ပို့ထားကြောင်း ဝန်ကြီးက အတည်ပြုခဲ့သည်။
ရောဂါကူးစက်ခံရသော အမျိုးသမီးသည် သြဂုတ်လ ၁၉ ရက် မှ ၂၁ ရက်အထိ ၎င်း၏ သမီး ဖြစ်သူရှိရာ စင်ကာပူနိုင်ငံသို့သွားရောက်လည်ပတ်စဉ် ရောဂါကူးစက်ခံလိုက်ရဖွယ် ရှိကြောင်း သံသယရှိနေကြသည်။၎င်းသည် သြဂုတ်လ ၂၈ ရက်တွင် ဇီကာဗိုင်းရပ်စ်လက္ခဏာကို စတင်ခံစားခဲ့ရကြောင်း နှင့် သြဂုတ်လ ၃ဝ ရက်တွင် ဆေးစစ်မှုများခံယူခဲ့ကြောင်း ဝန်ကြီးဌာနထုတ်ပြန်ချက်အရ သိရသည်။
ရောဂါကူးစက်ခံရသောအမျိုးသမီး နှင့် တစ်အိမ်တည်းအတူနေထိုင်ခဲ့ကြသည့် ၎င်း၏ ခင်ပွန်း နှင့် မိသားစုဝင်များထံတွင်မူ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသော လက္ခဏာများ တွေ့ရှိခြင်း မရှိသေးပေ။ သို့သော် ၎င်း၏ ခင်ပွန်းသည် သမီးနေထိုင်ရာ စင်ကာပူသို့၎င်းနှင့် အတူတူသွားရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။
မလေးရှားကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသည့် အမျိုးသမီးနေထိုင်ရာ ပတ်ဝန်းကျင်ဧရိယာအတွင်း ခြင်ပေါက်ဖွားမှုမဖြစ်ပွားအောင် ထိန်းချုပ်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်လျက်ရှိသလို ၎င်းသွားရောက်လည်ပတ်ခဲ့သည့် နေရာများ၌လည်း ခြင်နှိမ်နင်းရေးလုပ်ငန်းများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
နိုင်ငံအတွင်း ဇီကာဗိုင်းရပ်စ်တွေ့ရှိရာ လမ်းကြောင်းတစ်လျှောက်တွင် အသက်ရှုရောဂါဖြစ်ပေါ်စေသည့် အီဒစ် (Aedes) ခြင်နှိမ်နင်းရေးအတွက် ခြင်ဆေးပက်ဖျန်းခြင်း လုပ်ငန်းစဉ်များ ပါဝင်ကြောင်း သိရသည်။
ဇီကာဗိုင်းရပ်စ်ပိုး ပြန့်နှံ့ခြင်း ရှိမရှိ စစ်ဆေးရန် ဒေသခံများအား ၎င်းတို့၏ နေအိမ်အတွင်းအထိ ရောဂါထိန်းချုပ်ရေးအရာရှိများကို ဝင်ရောက် စစ်ဆေးခွင့်ပြုပါရန် Subramaniam က တိုက်တွန်းထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.