Asia
မလေးရှား ရေပိုင်နက် အတွင်း သင်္ဘော တိမ်းမှောက်မှု လူ ၁၄ ဦးသေဆုံး
ကွာလာလမ်ပူ ၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)
မလေးရှား နိုင်ငံမှ အင်ဒိုနီးရှား နိုင်ငံသို့ ထွက်ခွာ သွားသည့် သင်္ဘော တစ်စင်းသည် မလေးရှား ရေပိုင်နက် အတွင်း တိမ်းမှောက် ခဲ့ကာ လက်ရှိ အချိန်ထိ ၁၄ ဦးသေဆုံးကာ ၄၀ ခန့်ပျောက်ဆုံးနေပြီး ၁၅ ဦး ကယ်ဆယ် နိုင်ခဲ့ကြောင်း မလေးရှား နိုင်ငံ ရေကြောင်း ဦးစီးဌာန တာဝန်ရှိသူ Mohd Eliyas က စက်တင်ဘာ လ ၃ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
မလေးရှား နိုင်ငံ ရေကြောင်း ဦးစီးဌာနသည် ထိုနေ့ နံနက်ပိုင်းတွင် ငါးဖမ်းသမား တစ်ဦး၏ သတင်း ပေးပို့မှု ကို ရရှိခဲ့ကာ သင်္ဘော တိမ်းမှောက် သွားသည်ကို သိရှိခဲ့ ရကြောင်း ၊ သေဆုံး ခဲ့သည့် ၁၄ ဦး စာရင်းတွင် ၁၃ ဦးမှာ အမျိုးသမီး ဖြစ်ပြီး ၁ ဦးမှာ အမျိုးသား ဖြစ်ကြောင်း Eliyas က ပြောသည်။
တိမ်းမှောက်ခဲ့သည့် သင်္ဘောသည် အရှည် ၁၂.၂ မီတာ ရှိပြီး အခင်းဖြစ်ပွားစဉ် သင်္ဘောပေါ်တွင် ခရီးသည် ၇၀ ခန့် ပါရှိသည်ဟု ခန့်မှန်းရပြီး ထိုသူ များမှာ အင်ဒိုနီးရှား နိုင်ငံ သားများဖြစ်သည် ဟု ယူဆ ရကြောင်း ၎င်းက ပြောကြားခဲ့သည်။
သင်္ဘော တိမ်းမှောက် ခဲ့သည့် အကြောင်းအရင်း မှာ ရာသီဥတု ဆိုးရွားခြင်း သို့မဟုတ် ဝန်ပို တင်ဆောင်ခြင်း ကြောင့် ဖြစ်နိုင်ပြီး မလေးရှား ရေကြောင်း ဦးစီး ဌာန မှ ရှာဖွေကယ်ဆယ်ရေး သင်္ဘော ၄ စင်း စေလွှတ် ထားကြောင်း သိရှိရသည်။ (Xinhua)