Connect with us

Asia

လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရန် အာရှ-ပစိဖိတ် ထောက်လှမ်းရေး အကြီးအကဲများ ဘရူနိုင်းတွင် တွေ့ဆုံ

APICC အမှတ်တံဆိပ် (အင်တာနက်)

ဘန်ဒါ ဆီရီ ဘီဂါဝမ်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

ကမ္ဘာအနှံ့ ရှိနိုင်ငံပေါင်း ၂၄ ခုမှ စစ်တပ်ထောက်လှမ်းရေး အဖွဲ့အစည်းများ၏ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ် များသည် ကာကွယ်ရေးဆိုင်ရာ ထောက်လှမ်းရေးပူးပေါင်းဆောင်ရွက်မှု မှတဆင့် တည်ငြိမ်ရေးရရှိစေရန် အတွက် ၈ ကြိမ်မြောက် အာရှ-ပစိဖိတ် ထောက်လှမ်းရေး အကြီးအကဲများ ညီလာခံ (APICC) အား တနင်္လာနေ့တွင် ဘရူနိုင်းနိုင်ငံ၌ ပြုလုပ်ခဲ့ကြပါသည်။

အဆိုပါညီလာခံတွင် ပင်လယ်ရေကြောင်း လုံခြုံရေး၊ နိုင်ငံဖြတ်ကျော် မှုခင်း တိုက်ဖျက်ရေးများနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်သူများ အားလေ့ကျင့်ခြင်း စသော အဓိက အကြောင်းအရာများ အလေးထား ဆွေးနွေးကြမည် ဖြစ်ကြောင်း ဘရူနိုင်း ကာကွယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အစည်းအဝေးကို အာရှ-ပစိဖိတ် ဒေသအတွင်းရှိ စစ်တပ်ထောက်လှမ်းရေး အကြီးအကဲများ ပွင့်လင်းစွာ ပြောဆိုဆွေးနွေးပြီး အချင်းချင်းချိတ်ဆက်မှု ကွန်ရက်နှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ကာ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများအား အတူတကွ စည်းလုံးညီညွတ်စွာ တုံ့ပြန်နိုင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ သုံးရက်ကြာပြုလုပ်မည့် APICC ညီလာ ခံအား ဘရူနိုင်း နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာနနှင့် အမေရိကန် ပစိဖိတ်ဌာနချုပ် (USPACOM) တို့က ပူးတွဲကျင်းပခြင်း ဖြစ်သည်။

ယင်းအစည်းအဝေးကို သြစတြေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ ကနေဒါ၊ တရုတ်၊ ပြင်သစ်၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ လာအို၊ မလေးရှား၊ မဲလ်ဒီဗစ်၊ မွန်ဂိုလီးယား၊ နီပေါ၊ နယူးဇီလန်၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ တွန်ဂါ၊ ဗြိတိန် နှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်တက်ရောက်ကြသည်။

ပါဝင်တက်ရောက်ကြသော နိုင်ငံများအကြား နှစ်နိုင်ငံ အစည်းအဝေးများ ပြုလုပ်ရန်လည်း ရှိပါသည်။

APICC အစည်းအဝေးအား ၂၀၀၇ ခုနှစ်က ကွာလာလမ်ပူမြို့တွင် USPACOM မှပြုလုပ်ခဲ့ပြီး စစ်တပ်ထောက်လှမ်းရေး အကြီးအကဲများအတွက် အချင်းချင်း တွေ့ဆုံဆွေးနွေးကာ ထောက်လှမ်းရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှု များအားနီးကပ်စွာ လုပ်ကိုင်နိုင်စေသည့် နှစ်စဉ် ဒေသတွင်းအစည်းအဝေး တစ်ခုဖြစ်လာသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.