Asia
မိုးကြိုး မုန်တိုင်းများကြောင့် ထိုင်ဝမ် လေဆိပ်တွင် လေယာဉ် ခရီးစဉ် ၂၀၀ ကျော် ဖျက်သိမ်းခဲ့ရ
တိုင်ပေ၊ ဇွန် ၃ ရက် (ဆင်ဟွာ)
ထိုင်ဝမ် ဒေသ တိုင်ပေမြို့တွင် ဇွန်လ ၃ ရက်က မိုးသည်းထန်စွာ ရွာသွန်းခဲ့၍ ထောင်းယွမ် လေဆိပ်၌ ရေကြီး ရေလျှံမှုများ ဖြစ်ပွားခဲ့ကာ လေယာဉ် ခရီးစဉ် ၂၀၀ ကျော် ဖျက်သိမ်း (သို့) နှောင့်နှေးခဲ့ရကြောင်း သိရသည်။
မိုးရွာသွန်းခဲ့သည့် အချိန် ၂ နာရီအတွင်း မိုးရေချိန်သည် ၁၆၀ မီလီမီတာ အထိ မြင့်တက်ခဲ့ကာ လေဆိပ်သို့ ဦးတည်နေသည့် လမ်းများ ရေမြုပ်ခြင်း၊ လေဆိပ် မြေအောက်ထပ်ရှိ စားသောက်တန်း နှင့် ကားပါကင်များ ထဲသို့ ရေများ ဝင်ရောက်လာခြင်းနှင့် အဆောက်အအုံ တချို့တွင် လျှပ်စစ်ဓါတ်အား ပြတ်တောက် ခဲ့ခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အလုပ်သမားများအား လေဆိပ်အတွင်းရှိ ရေများအား စုပ်ထုတ်ရန် တာဝန်ပေးထားကြောင်း သိရသည်။ ထို့အပြင် ညနေပိုင်းတွင် လေဆိပ်သို့ ဦးတည်နေသည့် လမ်းများ ပြန်လည် ဖွင့်လှစ်ပေးခဲ့ပြီး လျှပ်စစ်ဓါတ်အား ကိုလည်း တစ်စိတ်တစ်ပိုင်း ပြန်လည် ပေးဝေနိုင်ခဲ့ကြောင်း သိရသည်။
လေယာဉ် ခရီးစဉ်များ ဖျက်သိမ်းခဲ့မှုနှင့် နှောင့်နေးခဲ့မှုများကြောင့် လေဆိပ်တွင် ခရီးသည် စုစုပေါင်း ၃၀,၀၀၀ သောင်တင်နေခဲ့သည်။
သို့သော် ဇွန်လ ၃ ရက်တွင် ပုံမှန်အတိုင်း လေယာဉ် ပျံသန်းမှုများ ပြန်လည် ပြုလုပ်နိုင်ပြီ ဖြစ်သည်။ (Xinhua)