Connect with us

Asia

၆ ရက်ကြာ မိဘနှစ်ပါး၏ စွန့်ပစ်ခြင်း ခံထားရသော ဂျပန်ကလေးငယ်အား အသက်ရှင်လျက် ပြန်တွေ့

အစွန့်ပစ်ခံ ကလေးငယ် ယာမာတိုတာနူကာအား တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို ၊ ဇွန် ၃ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ မြောက်ပိုင်း ဟော့ကိုင်ဒိုး (Hokkaido) တောင်တန်းပေါ်၌ မိဘနှစ်ပါး၏ စွန့်ပစ်ခြင်း ခံထားရသော ဂျပန် ကလေးငယ် တစ်ဦးအား ၆ ရက်အကြာတွင် အသက်ရှင်လျက် ပြန်လည် ရှာဖွေ တွေ့ရှိခဲ့ကြောင်း ဂျပန်ရဲတပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေး အရာရှိများက ပြောကြားသည်။

ယာမာတိုတာနူကာ(Yamato Tanooka) အမည်ရှိ အသက် ၇ နှစ်အရွယ် ကလေးငယ်သည် မိဘနှစ်ပါး၏ ဆိုဆုံးမမှုကို မလိုက်နာသောကြောင့် ဟော့ကိုင်ဒိုးတောင်တန်းပတ်ဝန်းကျင် လမ်းဘေးတစ်နေရာ၌ ကားပေါ်မှ မိဘနှစ်ပါးက စွန့်ပစ်ထားခဲ့ခြင်း ဖြစ်သည်။ ၎င်းကလေးငယ်ကို ဇွန်လ ၃ ရက် နံနက် ၇ နာရီ ၅ဝ မိနစ်ခန့်တွင် ဟော့ကိုင်းဒိုကျွန်း Shikabe မြို့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက Nanae မြို့မှ ၅ ကီလိုမီတာအကွာ ၊ ၎င်းမိဘများစတင် စွန့်ပစ်ခဲ့သည့် နေရာ အနီးတစ်ဝိုက်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အစွန့်ပစ်ခံ ကလေးငယ် ယာမာတိုတာနူကာအား ကယ်ဆယ်ရေးအဖွဲ့ဝင်များက ရှာဖွေနေကြစဉ် (ဆင်ဟွာ)

အစွန့်ပစ်ခံ ကလေးငယ် ယာမာတိုတာနူကာအား ကယ်ဆယ်ရေးအဖွဲ့ဝင်များက ရှာဖွေနေကြစဉ် (ဆင်ဟွာ)

အစွန့်ပစ်ခံ ကလေးငယ် ယာမာတိုတာနူကာအား ကယ်ဆယ်ရေးအဖွဲ့ဝင်များက ရှာဖွေနေကြစဉ် (ဆင်ဟွာ)
ယာမာတို ကို စွန့်ပစ်ခဲ့ပြီးနောက် ၎င်းပျောက်ဆုံးနေကြောင်း မိဘနှစ်ပါးက သက်ဆိုင်ရာသို့အကြောင်းကြားခဲ့သည့် မေလ ၂၉ ရက်မှ စတင်ကာ ရဲတပ်ဖွဲ့ဝင်များ ၊ မီးသတ်သမားများနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ရှာဖွေမှုကို စတင်ခဲ့သည်။
၎င်းပျောက်ဆုံးသွားသည့် နေရာသည် သန့်ရှင်းသော ရေချို ရရှိရန် အခက်အခဲရှိသော နေရာမျိုး ဖြစ်သည့်အပြင် ကြမ်းကြုပ် ရက်စက်သော သားရဲတိရစ္ဆာန်များ အလွန်ပေါ်များသော တောင်တန်းဒေသ ဖြစ်နေရာ ယာမာတိုအတွက် စိုးရိမ်ပူပန်ကြောင်း တွစ်တာလူမှု ကွန်ရက် စာမျက်နှာပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့်ရေးသား ဖော်ပြကြသည်။
တွစ်တာ အသုံးပြုသူတစ်ဦးက “ ကလေးမိဘတွေရဲ့လုပ်ရပ်ဟာ သိပ်ကို ဆိုးဝါးလွန်းပါတယ်။ သူတို့ကို အပြစ်ပေးသင့်ပါတယ်” ဟု ရေးသားထားသည်။
ယာမာတိုအားပြန်လည် ရှာဖွေတွေ့ရှိပြီးဖြစ်ကြောင်း သတင်းများတက်လာပြီး နောက်တွင် အခြား တွစ်တာ အသုံးပြုသူတစ်ဦးက “ သူ့မိဘတွေကို ရေမရှိ ၊ အစားအစာ မရှိ အဲဒီလို ဆိုးဝါးလှတဲ့ နေရာမျိုးမှာ ၆ ရက်သွားနေခိုင်းရမယ်။ ဒါမှာ အနာဂတ်မှာ သူတို့ကလေးကို ဘယ်လို ဆုံးမရမလဲ ဆိုတာ သူတို့နားလည်သွားမယ် ” ဟု ရေးသားထားသည်။
ယာမာတိုသည် ၆ ရက်ကြာ စိတ်ခြောက်ခြားစရာ အဖြစ်အပျက်ဖြင့် ကြုံတွေ့ခဲ့ရသော်လည်း ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက် ရှိကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.