Connect with us

Asia

မြောက်ကိုရီးယားမှ ထိန်းသိမ်းထားသော တောင်ကိုရီးယား ကျောင်းသားအား ပြန်လွှတ်ပေးခဲ့

မြောက်ကိုရီးယားမှ ထိန်းသိမ်းထားသော တောင်ကိုရီးယား ကျောင်းသားအား မြင်တွေ့ရစဉ် (ဓာတ်ပုံ- NyDailyNewspic)

ပြုံးယမ်း ၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယား နိုင်ငံ(DPRK) သည် ထိန်းသိမ်းထားသော တောင်ကိုရီးယား (ROK) ကျောင်းသားအား တနင်္လာနေ့တွင် စစ်မဲ့ဇုန်ကိုဖြတ်၍ တောင်ကိုရီးယားနိုင်ငံ သို့ ပြန်လည် လွှတ်ပေးခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာန KCNA မှ တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယား (DPRK) မှ ထိန်းသိမ်းထားသော တောင်ကိုရီးယား ကျောင်းသားအား ပြန်လည်လွှတ် ပေးမည့်အစီအစဉ်ကို မြောက်ကိုရီးယားနိုင်ငံ ကြက်ခြေနီအသင်း မှ ယနေ့ မနက်ပိုင်း၌ တောင်ကိုရီးယားနိုင်ငံ သို့ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယား (ROK) ပေါင်းစည်းရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဂျိုးဝန်းမွန် အမည်ရှိ ကျောင်းသားသည် အသက် ၂၁ နှစ် ရှိပြီဖြစ်ပြီး နယူးယောက် တက္ကသိုလ်တွင် ပညာသင်ကြားနေသော တောင်ကိုရီးယား နိုင်ငံသားဖြစ်ကာ ဧပြီလ ၂၂ တွင် မြောက်ကိုရီးယား (DPRK) မှ ထိန်းသိမ်းခြင်း ခံခဲ့ရကြောင်းသိရသည်။
ဂျိုးကို မြောက်ကိုရီးယား နယ်ခြားစောင့် တပ်ဖွဲ့များက မြောက်ကိုရီးယား ပိုင်နက်ထဲသို့ တရုတ်နိုင်ငံ လျောင်းနင် ပြည်နယ်ရှိ တန်းတုံး ဒေသမှ တစ်ဆင့် တရားမဝင် ဝင်ရောက်မှုဖြင့် ဧပြီလ ၂၂ ရက်နေ့တွင် ဖမ်းဆီး ထိန်းသိမ်းခဲ့ခြင်း ဖြစ်ပြီး ၎င်းသည် အမေရိကန် အမြဲတမ်း နေထိုင်ခွင့်ကဒ် (green card) ကိုင်ဆောင်ထားကာ ဖမ်းဆီးခြင်းမခံရမီ နယူးဂျာစီ တွင် အမြဲတမ်းနေထိုင် သူဖြစ်ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၂၅ ရက်နေ့တွင် ပြုံးယမ်း၌ ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဂျိုးမှ အပြစ်ကျူးလွန်ခဲ့သည် ကိုဝန်ခံပါကြောင်း၊ သူ့အနေဖြင့် အမေရိကန်တွင် ရှိနေစဉ် တွင် မြောက်ကိုရီးယား နှင့် ပတ်သက်သည့် သတင်းများ ကြောင့် မြောက်ကိုရီးယားသို့ သွားရောက်ရန် ဆန္ဒဖြစ်ပေါ်ခဲ့ပြီး အတွေ့အကြုံ ရရှိချင်သောကြောင့် ထိုသို့ကျူးလွန်ခဲ့ကြောင်း၊ မြောက်ကိုရီးယား အာဏာပိုင်များ အနေဖြင့် လည်း ဂျိုးအပေါ်တွင် ကောင်းမွန်စွာ ဆက်ဆံပါကြောင်း နှင့် မြောက်ကိုရီးယား နိုင်ငံရှိ အထင်ကရ နေရာများကိုလဲ လိုက်လံပြသပေး ခဲ့ကြောင်း ပြောကြားခဲ့သည်။

တောင်ကိုရီးယား (ROK) ပေါင်းစည်းရေး ဝန်ကြီးဌာန သည် မြောက်ကိုရီးယား (DPRK) မှ ဂျိုး အား ပြန်လွှတ်ပေးခြင်း အပေါ် ကြိုဆိုပါကြောင်း နှင့် အခြားထိန်းသိမ်းထားသော တောင်ကိုရီးယား နိုင်ငံသား သုံးဦး ကိုလည်း လွှတ်ပေးစေလိုကြောင်း တောင်းဆိုထားသည်။

တောင်ကိုရီးယား နိုင်ငံသား ခရစ်ယာန်သာသနာပြု ကင်ဂျုံဝတ် ကို ယမန်နှစ်က မြောက်ကိုးရီးယား တရားရုံးမှ သူလျှိုလုပ်မှုနှင့် မြေအောက် ခရစ်ယာန် ဘုရားကျောင်း ဆောက်လုပ်ရန် ကြိုးစားမှုတို့ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်သက် ချမှတ်ခဲ့ကြောင်းနှင့် ကင်ကို ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထို့အပြင် မတ်လတွင် မြောက်ကိုရီးယား အာဏာပိုင်များက ပြုံယမ်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ကင်ကွတ်ဂီ နှင့် ချိုးချန်းဂဲ တို့ကိုလဲ တောင်ကိုရီးယား စုံးစမ်းထောက်လှမ်းရေး အေဂျင်စီ အတွက် သတင်းထောက်လှမ်း ပေးမှုဖြင့် ဖမ်းဆီးခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.