Asia
ရုရှားတွင် နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံး အပျော်စီး ခရီးသည်တင် သင်္ဘော တည်ဆောက်မည်

မော်စကို၊ မေ ၁၈ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံသည် ဆယ်စုနှစ် ခြောက်ခု အတွင်း နိုင်ငံ၏ ပထမဆုံး အဖြစ် ၂၀၁၆ ခုနှစ်တွင် အပျော်စီး ခရီးသည်တင် သင်္ဘော တစ်စီးကို စီမံကိန်းဖြင့် တည်ဆောက်သွားမည် ဖြစ်ကြောင်း ရုရှား သင်္ဘော တည်ဆောက်ရေး ကုမ္ပဏီတစ်ခု က ပြောကြားခဲ့သည်။
ရုရှားနိုင်ငံ၏ ပထမဆုံး အပျော်စီး ခရီးသည်တင် သင်္ဘောကို ၂၀၁၆ ခုနှစ်အတွင်း တည်ဆောက်ရန် အတွက် ၁၉၅၀ ပြည့်လွန် နှစ်များ ကတည်းက အစီအစဉ် ဆွဲခဲ့ခြင်း ဖြစ်ကြောင်း United Shipbuilding Corporation ဥက္ကဋ္ဌ Aleksey Rakhmanov ၏ ပြောကြားချက်ကို ကိုးကား၍ Interfax သတင်းဋ္ဌာနက မေလ ၁၇ ရက်တွင် ဖော်ပြခဲ့သည်။
Rakhmanov က ကုမ္ပဏီသည် ရှေ့ဆက်၍ သင်္ဘောများ နှင့် ရေနံနှင့် ဓါတ်ငွေ့ တူးဖော်ရေး လုပ်ငန်းများ အတွက် အမျိုးမျိုးသော ရေကြောင်းဆိုင်ရာ အင်ဂျင်နီယာ ပစ္စည်းများကို လည်း ထုတ်လုပ်သွားမည် ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ရုရှားနိုင်ငံ ရေကြောင်းလုပ်ငန်း ဖိုရမ် အဖွင့်ပွဲ၌ ပြောကြားခဲ့သည်။
သင်္ဘော တည်ဆောက်ရေး စီမံကိန်းအား PV300VD ဟု ကုတ်ဒ် အမည်ပေးထားပြီး ၂၀၁၆ ခုနှစ်အတွင်း တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ စီမံကိန်း ကာလမှာ သုံးနှစ် ဖြစ်ကြောင်း နှင့် ကုန်ကျစရိတ် အနေဖြင့် ရုရှားရူဘယ် ၂.၅ ဘီလီယံ (အမေရိကန် ဒေါ်လာ သန်း၄၀) နီးပါး ရှိမည်ဖြစ်ကြောင်း သိရသည်။
အပျော်စီး ခရီးသည်တင် သင်္ဘောသည် အလျားအားဖြင့် ၄၆၂ ပေ (၁၄၁ မီတာ) နှင့် အကျယ် ၅၅ ပေ (၁၇ မီတာ) ရှိမည်ဖြစ်ပြီး ခရီးသည်ပေါင်း ၃၀၆ ဦးကို သယ်ဆောင်နိုင်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)