Connect with us

Asia

ရှေ့နေချုပ်အား စွဲဆိုထားသော ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်၏ အမှုကို ထိုင်းတရားရုံးက ပလပ်

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ် ရှင်နာဝတ်ထရာ အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)

ထိုင်းဝန်ကြီး ချုပ်ဟောင်း ယင်လပ် ရှင်နာဝတ်ထရာက ရှေ့နေချုပ်နှင့် အခြား ရှေ့နေ သုံးဦးအား စွဲဆိုထားသော အမှုနှင့် ပြစ်မှုကျူးလွန် ထိုင်းပြစ်မှုဆိုင်ရာ တရားရုံးက အင်္ဂါနေ့က ပလပ်လိုက်သည်။

အစိုးရ ရှေ့နေများသည် ဝန်ကြီးချုပ်ဟောင်း ယင်လပ် အစိုးရအဖွဲ့၏ အငြင်းပွားဖွယ်ရာ စပါး အရောင်းအဝယ် နှင့်ဆက်စပ်သော အမှုကိစ္စကို ကိုင်တွယ်ရာတွင် ပြစ်မှုဆိုင်ရာ ကျင့်ဝတ်အား ဖောက်ဖျက်ခဲ့သဖြင့် ယင်လပ်သည် စက်တင်ဘာလ ၂၉ ရက်နေ့က အဆိုပါ ရှေ့နေများ အား အမှုဖွင့် လိုက်သည်။

ထိုအမှုတွင် ဝန်ကြီး ချုပ်ဟောင်း ယင်လပ်သည် ရှေ့နေချုပ်နှင့် အစိုးရ ရှေ့နေများသည် လုံလောက်သော စုံစမ်းစစ်ဆေး မှုများ ပြုလုပ်ခြင်းမရှိဘဲ သူမအား တရားလွှတ်တော်ချုပ်တွင် စွပ်စွဲခဲ့ခြင်း ၊ အမျိုးသား အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ မူလ စွဲချက် တင်ထားသော အမှုတွင် ပါဝင်ခြင်း မရှိသည့် စွပ်စွဲချက်များ ထပ်တိုးခဲ့သည့် အပြင် သက်သေအဖြစ် ထပ်တိုး အချက် အလက်များကို တရားရုံးတွင် တင်ပြခဲ့ခြင်း တို့ကြောင့် ၎င်းတို့အား အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

ပြစ်မှုဆိုင်ရာ တရားရုံးကလည်း ယင်လပ်၏ စွဲချက်သည် ခိုင်မာသော သက်သေ မရှိဘဲ ရှေ့နေများသည်လည်း ဥပဒေလိုက်နာခဲ့သည်ဟုဆိုကာ ထိုအမှုကို ပယ်ချ လိုက်ပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.