Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101
သံသယရှိ စစ်သွေးကြွ ၃ ဦးကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့က အသေပစ်ခတ် ဖမ်းဆီး - Xinhua News Agency
Connect with us

Asia

သံသယရှိ စစ်သွေးကြွ ၃ ဦးကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့က အသေပစ်ခတ် ဖမ်းဆီး

အင်ဒိုနီရှားနိုင်ငံ အကြမ်းဖက် တိုက်ဖျက်ရေး ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဂျာကာတာ၊ ဒီဇင်ာဘ ၂၁ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အကြမ်းဖက်မှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့သည် ဂျကာတာမြို့စွန်တွင် ဒီဇင်ဘာလ ၂၁ ရက်က သံသယရှိ အကြမ်းဖက်သမား ၃ ဦးအား အသေပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း၊ အခြားသူ တစ်ဦးကိုလည်း ဖမ်းမိထားကြောင်း နှင့် အပြန်အလှန် ပစ်ခတ်မှုအတွင်း ပေါက်ကွဲခါနီး ဗုံးကြီး တစ်လုံးအား သိမ်းဆည်းနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

Adang ဆိုသူအား တောင်ပိုင်းခရိုင် Tanggerang အတွင်း Babakan ကျေးရွာရှိ ၎င်း ငှားရမ်းနေထိုင်သည့် နေအိမ်အတွင်း၌ ဖမ်းမိခဲ့ပြီး ၎င်း၏ အဖွဲ့ဝင် သုံးဦးမှာ အကြမ်းဖက် တိုက်ဖျက်ရေး အဖွဲ့ဝင်များနှင့် အပြန်အလှန် ပစ်ခတ်ပြီးနောက် နေအိမ်အတွင်းမှာပင် သေဆုံးခဲ့ကြောင်း အမျိုးသား ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ရိခ်ဝန်တို (Rikwanto) က ပြောသည်။

“Adang နဲ့ သံသယရှိသူ သုံးဦးက နေအိမ်အတွင်းမှာ ဗုံးတပ်ဆင်နေကြောင်း သတင်းရရှိခဲ့တယ်၊ အဲဒီနောက် ရုတ်တရက်ပဲ အကြမ်းဖက် တိုက်ဖျက်ရေး အဖွဲ့ဘက်ကို ဗုံးတစ်လုံး ပစ်လိုက်ပြီး ပစ်ခတ်ခဲ့ပေမဲ့ ကံကောင်းစွာနဲ့ ဗုံးက မပေါက်ကွဲခဲ့ဘူး” ဒေသခံ ရုပ်မြင်သံကြား တိုက်ရိုက် တွေ့ဆုံမေးမြန်ခန်း၌ ရိခ်ဝန်တိုက ပြောကြားခဲ့သည်။

အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီးနောက် နာမည်၏ ထိပ်ဆုံး စာလုံး O, I နှင့် L ပါရှိသူ အဆိုပါ စစ်သွေးကြွ သုံးဦး သေဆုံးခဲ့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ သံသယရှိသူများသည် လွန်ခဲ့သော ရက်များအကြာက Bekasi မြို့တွင် အဖမ်းခံခဲ့ရသူများနှင့် ချိတ်ဆက်မှု ရှိကြောင်း ရိခ်ဝန်တိုက ထုတ်ဖော်ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.