Connect with us

Asia

၂၀၁၅ ခုနှစ်အတွင်း မဟာမဲခေါင်ဒေသအတွင်း ဇီဝမျိုးစိပ်သစ် ၁၆၃ မျိုး ရှာဖွေတွေ့ရှိခဲ့

သက်တံ့ရောင် ဦးခေါင်းရှိသော မြွေအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဖနွမ်းပင်၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ)

သက်တံ့ရောင် ဦးခေါင်းရှိသော မြွေ တစ်ကောင်၊ နဂါးနှင့် သဏ္ဍာန်တူသော ကင်းလိပ်ချော တစ်ကောင်၊ ရေပုတ်သင်ငယ် တစ်ကောင်၊ သေးငယ်သော ဖား တစ်ကောင် စသည့် သတ္တဝါ လေးမျိုး အပါအဝင် ဇီဝမျိုးစိပ်သစ် ၁၆၃ မျိုးအား ပြီးခဲ့သည့်နှစ်က မဟာမဲခေါင်ဒေသအတွင်း ရှာဖွေတွေ့ရှိခဲ့ကြောင်း ကမ္ဘာ့ တောရိုင်း တိရစ္ဆာန် ရန်ပုံငွေ (WWF) က ဒီဇင်ဘာလ ၁၉ ရက်က ပြောကြားလိုက်သည်။

အရှေ့တောင်အာရှ၏ မဟာမဲခေါင်ဒေသ အဖွဲ့ဝင်နိုင်ငံများ ဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နှင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်တို့သည် ကမ္ဘာပေါ်ရှိ သက်ရှိအမျိုးမျိုး ပူးတွဲတည်ရှိသည့် နေရာ ငါးခုအနက် တစ်ခု အပါအဝင် ဖြစ်သည်။

ကုန်းနေရေနေ သတ္တဝါ ၉ မျိုး၊ ငါး ၁၁ မျိုး၊ တွားသွား သတ္တဝါ ၁၄ မျိုး၊ သစ်ပင် ၁၂၆ မျိုးနှင့် နို့တိုက်သ္တဝါ ၃ မျိုးအား ပထမဆုံး အကြိမ်အဖြစ် တွေ့ရှိခဲ့ကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။

သက်တံ့ရောင် ဦးခေါင်းရှိသော မြွေ တစ်ကောင်အား မူရင်းဒေသ လာအိုနိုင်ငံတွင် လည်းကောင်း၊ နဂါးနှင့် သဏ္ဍာန်တူသော ကင်းလိပ်ချော တစ်ကောင်နှင့် ရေပုတ်သင်ငယ်တို့အား မူရင်းဒေသ ထိုင်းနိုင်ငံတွင် လည်းကောင်း၊ လိမ္မော်ရောင် မျက်လုံးရှိသော ဖားတစ်ကောင်အား ကမ္ဘေားဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့တွင် လည်းကောင်း စသဖြင့် သိပ္ပံပညာရှင်များက တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ကြေညာချက်အရ သိရသည်။

မယုံကြည်နိုင်လောက်သော ဇီဝမျိုးကွဲမျိုးစိပ်များအား ဆက်လက်ရှာတွေ့နိုင်သည့်အတွက်ကြောင့် မဟာမဲခေါင်ဒေသသည် ကမ္ဘာပေါ်ရှိ သဘာဝကို လေ့လာ ထိန်းသိမ်းစောင့်ရှောက်သော သိပ္ပံပညာရှင်များကို ဆွဲဆောင်နိုင်သည့် ဒေသ တစ်ခု ဖြစ်ကြောင်း WWF-Greater Mekong ၏ တောရိုင်းတိရစ္ဆာန်ဆိုင်ရာ အစီအစဉ် ညွှန်ကြားရေးမှူး Jimmy Borah က ပြောသည်။

အဆိုပါ မျိုးစိပ်သစ်များအား ကြီးမားစွာ ခြိမ်းခြောက်နေသည့် အရာများရှိကြောင်း၊ ၎င်းတို့မှာ တောရိုင်းတိရစ္တာန် အသားများအား စားသုံးခြင်း သို့မဟုတ် ဒေါ်လာ ဘီလျံများစွာရရှိသည့် တောရိုင်းတိရစ္ဆာန်များ တရားမဝင် ကုန်သွယ်ခြင်း စသည်တို့ကြောင့် မျိုးစိပ်သစ်များအား ရှာဖွေ မတွေ့ရှိမီကပင် ပျောက်ဆုံးသွားခဲ့ကြောင်း သိရသည်။

“ စုဆောင်းသူများစွာဟာ အရှားပါးဆုံး၊ ထူးခြားဆုံးနဲ့ မျိုးတုံးပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ အရာတွေရရှိဖို့ ဒေါ်လာငွေ ထောင်ပေါင်းများစွာ ဒါမှမဟုတ် ထိုထက်မက ပိုပြီး ဝယ်ယူနေကြတယ်၊ တစ်ခါတလေမှာ ဒေသတွင်းက တရားမဝင် တောရိုင်းတိရစ္ဆာန် ဈေးကွက်မှာ ဝယ်ယူနေကြတယ်၊ အထူးသဖြင့် ရွှေတြိဂံဒေသလို့ခေါ်တဲ့ လာအို၊ ထိုင်းနဲ့ မြန်မာနိုင်ငံတို့ နယ်စပ်ချင်း ထိစပ်နေတဲ့ ဒေသမှာ တွေ့ရလေ့ရှိတယ်” ဟု Borah က ပြောသည်။

ထိုအရာများအား ကယ်တင်ရန်အတွက် တရားမဝင် အမဲလိုက်ခြင်းအား တင်းကြပ်စွာ အရေးယူခြင်းနှင့် တောရိုင်းတိရစ္ဆာန်ဈေးများ၊ ကျားနှင့် ဝက်ဝံများအား စီးပွားဖြစ် မွေးမြူခြင်းများကို ပိတ်သိမ်းခြင်းနှင့် တောရိုင်းတိရစ္ဆာန် ဥပဒေများအား ကျယ်ပြန့်စွာ ကျင့်သုံးရေး စသည်တို့ အရေးကြီးကြောင်း ၎င်းက ထောက်ပြသည်။

WWF စာရင်းအရ ၁၉၉၇ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း မဟာမဲခေါင်ဒေသအတွင်း မျိုးစိပ်သစ်ပေါင်း ၂,၄၀၉ အား တွေ့ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.