Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံအာချေးဒေသ၌ ရေနံတွင်းမီးလောင်မှုကြောင့် ၁ဝ ဦးသေ ၊ အများအပြားဒဏ်ရာရ

အင်ဒိုနီးရှားနိုင်ငံ၌ ရေနံတွင်း မီးလောင်းမှု ဖြစ်ပွားနေစဉ်(ဓာတ်ပုံ-အင်တာနက်)

ဂျကာတာ ၊ ဧပြီ ၂၅ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အာချေးဒေသ၌ ရေနံတွင်းတစ်ခု မီးလောင်မှုဖြစ်ပွားရာ လူ ၁ဝ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရသွားကြောင်း အင်ဒိုနီးရှားနိုင်ငံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူ Sutopo Purwo Nugroho က ဆင်ဟွာသတင်းဌာနသို့ယနေ့( ဧပြီ ၂၅ ရက်) တွင်ပြောကြားခဲ့သည်။

မီးလောင်မှုသည် အင်ဒိုနီးရှားအနောက်ပိုင်း ဆူမားတြားကျွန်း မြောက်ပိုင်းစွန်းရှိ အာချေးပြည်နယ် Aceh Timur ခရိုင် Pasir Putih ရွာ၌ ဒေသစံတော်ချိန် နံနက် ၂ နာရီ ၁၅ မိနစ်တွင် ဖြစ်ပွားခဲ့ကြောင်း ၊ အလုပ်သမားများက ရေနံတွင်းထဲသို့ ပိုက်လိုင်းများ ချနေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးညွန့်များသည် အနီးအနားရှိ နေအိမ်သုံးလုံးကို ကူးစက်သွားကြောင်း ပြောရေးုဆိုခွင့်ရှိသူက ဆိုသည်။ ဒဏ်ရာရသူများ နှင့် ကယ်ထုတ်ထားသူများကို ဆက်လက်ရေတွက်နေဆဲဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

မီးလောင်မှုရာမှ ထွက်ရှိသော ပြာမှုန့်များသည် ကောင်းကင်ပြင်တွင် ဆက်လက်ကျန်ရှိနေသေးကြောင်း Sutopo က ဆက်လက်ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.