Connect with us

Asia

ပါကစ္စတန် ဝန်ကြီးချုပ်က တရုတ်-ပါကစ္စတန်စီးပွားရေးစြင်္ကန်က ပါကစ္စတန်၏စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု အတွက် အခြေခံအုတ်မြစ်ကောင်းတစ်ခုဖြစ်သည်ဟု ပြောကြား

အစ္စလာမ်မာဘတ်၊ ဧပြီ ၂၄ ရက်(ဆင်ဟွာ)

တရုတ်-ပါကစ္စတန် စီးပွားရေးစြင်္ကန်က ပါကစ္စတန်၏ဖွံ့ဖြိုးတိုးတက်ရေးနှင့်သာယာဝပြောရေးအတွက် ခိုင်မာ သည့် အခြေခံအုတ်မြစ်ကောင်းတစ်ခုဖြစ်သလို ဒေသချင်းအပြန်အလှန်ဆက်သွယ်မှုကိုလည်း တိုးမြှင့်အောင် လုပ်ဆောင်ရာရောက်ကြောင်း ပါကစ္စတန် ဝန်ကြီးချုပ် Shahid Khaqan Abbasiက ဧပြီလ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်-ပါကစ္စတန် စီပွားရေးစြင်္ကန်၏စီမံကိန်းများသည် စီးပွားရေး၊ပတ်ဝန်းကျင်အရ ရေရှည် လုပ်ဆောင် နိုင်မည်ဖြစ်ပြီး ပါကစ္စတန်၏လယ်ယာစိုက်ပျိုးရေးနှင့် စက်မှုနည်းပညာများကို ပိုမိုဖွံ့ဖြိုး စေနိုင်မည်ဖြစ်ရာ နိုင်ငံ၏ ဆင်းရဲကြပ်တည်းမှုပြဿနာကို ကူညီဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်း၊ စီးပွားရေး စြင်္ကန်၏ စက်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုများက ကမ္ဘာတစ်ဝန်းရှိသော ရင်းနှီးမြုပ်နှံသူများ အတွက် အခွင့်အလမ်းကောင်းများဖန်တီးပေးထားရာ စီးပွားရေးလုပ်ငန်းများ အကောင်အထည် ဖော်နိုင်မည်ဖြစ်ကြောင်း ၊ နောင်အနာဂတ်တွင် စီးပွားရေးစြင်္ကန်ရှိ ရထားလမ်း၊ကားလမ်းများက ပိုမို လုံခြုံစိတ်ချ မြန်ဆန်သည့် ကုန်သွယ်ရေးလမ်းဖြစ်လာမည်ဖြစ် ကြောင်း ပါကစ္စတန်နိုင်ငံတောင်ပိုင်း ကရာချိ(Karachi)မြို့ တွင် ကျင်းပခဲ့သော ၂၀၁၈ ခုနှစ် တရုတ်-ပါကစ္စတန် စီပွားရေး စြင်္ကန် ထိပ်သီးဆွေးနွေး ပွဲတွင် ပြောကြားခဲ့သည်။

ယခုလက်ရှိ တရုတ်-ပါကစ္စတန် စီးပွားရေးစြင်္ကန်၏စီမံကိန်း ၂၀ ခန့် မှာ ဆောက်လုပ်ဆဲနှင့် ဆောက်လုပ်ပြီးစီးပြီ ဖြစ်သောကြောင့် စီးပွားရေးစြင်္ကန်၏အကျိုးခံစားခွင့်အစောပိုင်းကာလကို ရောက်ရှိနေပြီဖြစ်သည်။ ဤစီးပွားရေး စြင်္ကန်တည်ဆောက်မှုကြောင့် ပါကစ္စတန်၏စီးပွားရေးမှာ ယခုနှစ်ပိုင်းများတွင် သိသိသာသာ တိုးမြင့်လာ ကြောင်း သိရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.