Connect with us

Asia

အင်ဒိုနီးရှား နိုင်ငံ ရှိ ခရီးသည်တင် စက်လှေ တစ်စင်း တိမ်းမှောက်ခဲ့ရာ လူပေါင်း ၈ ဦး သေဆုံး

အင်ဒိုနီးရှား နိုင်ငံ North Kalimantan ပြည်နယ် sesayap မြစ်တွင် တိမ်းမှောက်ခဲ့သည့် စက်လှေအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဂျာကာတာ ၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှား နိုင်ငံ North Kalimantan ပြည်နယ် sesayap မြစ်တွင် ဇန်နဝါရီ ၁ ရက်နေ့၌ ခရီးသည် ၄၃ ဦး လိုက်ပါခဲ့သည့် ခရီးသည်တင် စက်လှေ တစ်စင်း တိမ်းမှောက်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၈ ဦး သေဆုံး ခဲ့ပြီး အများအပြား ပျောက်ဆုံး နေကြောင်း ဒေသတွင်း မီဒီယာ ၏ ဖော်ပြချက်အရ သိရှိရသည်။

North Kalimantan ပြည်နယ် ကြက်ခြေနီအသင်း အရာရှိ က စက်လှေ တိမ်းမှောက်မှုမှာ ဒေသစံတော်ချိန် နံနက် ၈ နာရီ ၄၀ မိနစ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် သေဆုံးခဲ့သူ ၈ ဦး ကို တွေ့ရှိခဲ့ရပြီး ၁၂ ဦးကို ရှာဖွေ ကယ်ဆယ်နိုင်ခဲ့ကာ ကျန်ရှိသူများမှာ ပျောက်ဆုံးနေကြောင်း ပြောကြား ခဲ့သည်။

ရဲတပ်ဖွဲ့ က စက်လှေ သည် ရေပေါ်တွင် မြောနေသည့် အရာဝတ္ထု တစ်ခုခု နှင့် တိုက်မိ၍ တိမ်းမှောက် ခဲ့ခြင်း ဖြစ်ကြောင်း ကနဦး သုံးသပ် ခဲ့ပြီး လက်ရှိချိန်တွင် သက်ဆိုင်ရာ ဌာနများ နှင့် ပူးပေါင်းကာ စုံစမ်းစစ်ဆေးမှု များ ဆောင်ရွက်နေကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.