Asia
အင်ဒိုနီးရှား အလယ်ပိုင်း၌ ပြင်းအား ၆.၄ အဆင့်ရှိ ငလျင်လှုပ် ၊ ဆူနာမီသတိပေးခြင်း မရှိသေး

ဂျကာတာ ၊ ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံအလယ်ပိုင်းရှိ အရှေ့Nusa Tenggara ၌ ယနေ့( ဒီဇင်ဘာ ၅ ရက် ) နံနက်အစောပိုင်းက ပြင်းအား ၆.၄ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း ၊ သို့သော် ဆူနာမီသတိပေးထုတ်ပြန်ထားခြင်းမရှိသေးကြောင်း အင်ဒိုနီးရှားနိုင်ငံ မိုလေဝသ နှင့် ဘူမိရူပ အေဂျင်စီက ဆိုသည်။
အဆိုပါ ငလျင်သည် ဒေသစံတော်ချိန် နံနက် ၈ နာရီ ၁၃ မိနစ်တွင် Flores Timur ပြည်နယ် အရှေ့မြောက်ဘက် ၁၂ဝ ကီလိုမီတာအကွာ၌ ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း နှင့် ရေပြင်အောက် အနက် ၅၂၄ ကီလိုမီတာအကွာတွင် ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အေဂျင်စီ တာဝန်ရှိသူများက ဆိုသည်။“ ငလျင်ကြောင့် ဆူနာမီသတိပေးချက်တော့ ထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး” ဟု တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသတင်းဌာနသို့ဖုန်းဖြင့် ဖြေကြားခဲ့သည်။ ယခုအချိန်ထိ ငလျင်ဒဏ်ကြောင့် အနီးပတ်ဝန်းကျင်တွင် သက်ရောက်မှုတစ်စုံတစ်ရာရှိသည်ဆိုသည့် သတင်းပေးပို့မှုမရှိသေးကြောင်း ၎င်းအရာရှိ က ဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua)