Asia
အနောက် အင်ဒိုနီးရှား တွင် မြေပြိုမှုကြောင့် ၁ဦးသေ၊ ၃ဦးဒဏ်ရာရရှိ
ဂျာကာတာ၊ စက်တင်ဘာ ၇ ရက်(ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း ရှိ အနောက်ဂျာဗားပြည်နယ်တွင် စက်တင်ဘာ ၇ ရက်က မြေပြိုမှုဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံးပြီး အခြားသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သဘာဝဘေးအန္တရာယ် အေဂျင်စီရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
မြေပြိုမှုသည် Bogor ခရိုင် Cibogar ရွာ တွင် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် မြေပြိုမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အေဂျင်စီ ပြောရေးဆိုခွင့်ရှိသူ Sutopo Purwo Nugroho က ဆင်ဟွာသို့ ဖုန်းဖြင့်ပြောကြားခဲ့သည်။
ဒဏ်ရာရရှိသူ သုံးဦးအနက် တစ်ဦးများ ဒဏ်ရာအခြေအနေပြင်းထန်ကြောင်း ၎င်းကဆိုသည်။
Sutopo က မြေပြိုမှုကြောင့် ဒဏ်ရာရရှိခဲ့သူများအား နီးစပ်ရာဆေးရုံတစ်ခုသို့ပို့ဆောင်ပေးထားကြောင်း ပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ တွင် မိုးရာသီ၌ မိုးသည်းထန်စွာရွာသွန်းတတ်သည့်အတွက် ရေကြီး၊မြေပြိုမှုများ မကြာခဏ ဖြစ်ပွားတတ်ကြောင်း သိရသည်။ (Xinhua)