Asia
အာဖဂန်တပ်ဖွဲ့ဝင်များက တာလီဘန်စစ်သွေးကြွ ၁၇ဦး ကို သုတ်သင်နိုင်ခဲ့

အာဖဂန်နစ္စတန်၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)
အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Kunduz ပြည်နယ် ရှိ လုံခြုံရေးဂိတ်များကို တိုက်ခိုက်ခဲ့သည့် တာလီဘန်စစ်သွေးကြွတို့အား အာဖဂန် တပ်ဖွဲ့ဝင်များက ဇူလိုင် ၁၉ရက်တွင် ပြန်လည်တိုက်ခိုက်ခဲ့ပြီးနောက် အနည်းဆုံး စစ်သွေးကြွ ၁၇ဦးသေဆုံးခဲ့ပြီး လူများစွာ ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့ က တာလီဘန်စစ်သွေးကြွများစွာသည် ဇူလိုင် ၁၉ ရက် ဒေသစံတော်ချိန် နံနက် ၁း၃၀နာရီ တွင် Imam Sahib ခရိုင် ရှိ လုံခြုံရေးဂိတ်များကို တိုက်ခိုက်ခဲ့သော်လည်း ပြန်လည်တိုက်ခိုက်ခံရ၍ ထိခိုက်ဒဏ်ရာများရရှိကာ စစ်သွေးကြွ ၁၇ဦးသေဆုံးပြီး ဆုတ်ခွာသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။
ထုတ်ပြန်ချက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင် မည်မျှ သေဆုံးကြောင်းကို ဖော်ပြထားခြင်းမရှိကြောင်း သိရသည်။
တစ်ချိန်တည်းမှာပင် Imam Sahib ခရိုင်အုပ်ချုပ်ရေးမှူး Mahboudullah Sayedi က တိုက်ပွဲများကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။
ယင်းဖြစ်ရပ် နှင့် ပတ်သက်၍ တာလီဘန်စစ်သွေးကြွဘက်မှ မှတ်ချက်တစ်စုံတစ်ရာပေးခြင်းမရှိကြောင်း သိရသည်။ (Xinhua)