Connect with us

Asia

အိန္ဒိယနိုင်ငံတွင် လူနေတိုက်အဆောက်အဦးပြိုကျမှုကြောင့် လူ ၂ ဦးသေဆုံးပြီး လူ ၂၀ ကျော် ပိတ်မိနေ


နယူးဒေလီ ၊ ဇူလိုင် ၁၈ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ Uttar Pradeshပြည်နယ်တွင် ဇူလိုင်လ ၁၇ ရက် ညပိုင်းက လူနေတိုက်နှစ်လုံး ပြိုကျမှု ကြောင့် အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး လူ ၂၀ ကျော် ပိတ်မိနေကြောင်း သိရသည်။

အခင်းဖြစ်ပွားချိန်မှာ ညပိုင်း ၁၀ နာရီခန့်ကဖြစ်ကြောင်း ၊ ၆ ထပ်တိုက်က အရင်ပြိုကျခဲ့ရာ အနီးရှိ ၄ ထပ်တိုက် အဆောက်အဦးကို ပိမိပြီး တိုက်နှစ်လုံးလုံး ပြိုကျပျက်ဆီးခဲ့ကြောင်း ၊ ကယ်ဆယ်ရေးသမား အယောက် ၁၀၀ ကျော်က ကရိန်းကားများ၊ အနံခံခွေးများဖြင့် ရှာဖွေကယ်ဆယ်မှုပြုလုပ်ခဲ့ရာ လက်ရှိတွင် သေဆုံးသူ ၂ ဦးကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ဒေသခံအရာရှိတစ်ဦးက ဆိုသည်။ ပြိုကျနေသည့်တိုက်အောက်တွင် လူ ၂၀ ကျော်လောက်ပိတ်မိနေသည်ဟု ခန့်မှန်းရကြောင်း ရဲအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။ ပြိုကျပျက်စီးနေသည့် ၄ ထပ်တိုက်အဆောက်အဦးတွင် မိသားစု ၁၀ စု ကျော် နေထိုင်သည်ဟု အချို့ကဆိုသည်။

လူနေတိုက်အဆောက်အဦးပြိုကျပျက်စီးနေသည့် အခင်းဖြစ်နေရာအား တွေ့ရစဉ် (ဆင်ဟွာ)

လူနေတိုက်အဆောက်အဦးပြိုကျပျက်စီးနေသည့် အခင်းဖြစ်နေရာအား တွေ့ရစဉ် (ဆင်ဟွာ)

လူနေတိုက်အဆောက်အဦးပြိုကျပျက်စီးနေသည့် အခင်းဖြစ်နေရာအား တွေ့ရစဉ် (ဆင်ဟွာ)

အခင်းဖြစ်ပွားရသည့်အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ၊ ဇွန်လ မှ စက်တင်ဘာလ သည် အိန္ဒိယနိုင်ငံ၏မိုးရာသီဖြစ်ရာ မိုးရေကြီးခြင်းကြောင့် အဆောက်အဦးဖောင်ဒေရှင်းမခိုင်ဘဲ ပြိုကျပျက်စီးခြင်းဖြစ်နိုင်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံတွင် အဆောက်အဦးပြိုကျပျက်စီးခြင်းများ မကြာခဏဖြစ်ပွားလေ့ရှိရာ အဓိကအားဖြင့် အဆောက်အဦး အိုဟောင်းခြင်း၊ ရာသီဥတုဆိုးဝါးခြင်း၊ ဆောက်လုပ်မှုအရည်အသွေးမပြည့်မီခြင်းတို့ ကြောင့် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.