Asia
အာဖဂန်နစ္စတန်နိုင်ငံတွင် လေးကြိမ်မြောက် သမ္မတရွေးကောက်ပွဲ ကျင်းပ
ကဘူးလ်၊ စက်တင်ဘာလ ၂၈ ရက်(ဆင်ဟွာ)
အာဖဂန်ပြည်သူများအနေဖြင့် လာမည့်ငါးနှစ်သက်တမ်းအတွက် နိုင်ငံ့ခေါင်းဆောင်သမ္မတ အားရွေး ချယ်ရန် တစ်ရက်ကြာပြုလုပ်မည့်သမ္မတရွေးကောက်ပွဲအတွက် စက်တင်ဘာလ ၂၈ ရက် နံနက်က စတင်မဲပေးနေကြကြောင်းသိရသည်။
မဲပေးပွဲကို နိုင်ငံ၏ ပြည်နယ် ၃၄ ခုတွင်ဒေသစံတော်ချိန် နံနက် ၇ နာရီတွင်စတင်ခဲ့ပြီး မွန်းလွဲ ၃ နာရီ တွင်ပြီးဆုံးမည်ဖြစ်ကြောင်း ရွေးကောက်ပွဲတာဝန်ရှိသူများကပြောကြားသည်။ ၂၀၀၁ ခုနှစ်တွင် အာဖ ဂန်နစ္စတန်နိုင်ငံ၌ တာလီဘန်စစ်သွေးကြွများအားအာဏာရယူထားမှုမှဖြုတ်ချခဲ့ပြီးနောက် ယခုအကြိမ် ဆိုလျှင် သမ္မတရွေးကောက်ပွဲအားလေးကြိမ်မြောက်ကျင်းပခြင်းဖြစ်သည်။
ငါးနှစ်ကြာသမ္မတရာထူးနေရာအတွက် ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်မည့်သူ ၁၈ ဦးရှိပြီး လက်ရှိသ မ္မတ မိုဟာမက် အက်ရှ်ရက်ဖ် ဂါနီ နှင့်အစိုးရအဖွဲ့အမှုဆောင်ချုပ် အဗ္ဗဒူလာ အဗ္ဗဒူလာ တို့လည်းပါဝင် ကြသည်။သမ္မတရွေးကောက်ပွဲအတွက် လုံခြုံရေးအခြေအနေက အကြီးမားဆုံး စိမ်ခေါ်မှုဖြစ်နေကြောင်းလည်း သိရသည်။ အာဖဂန်လုံခြုံရေးတပ်ဖွဲ့များ က နိုင်ငံအဝန်းရှိ မဲရုံ ၅,၃၇၃ ရုံအနက် ၄,၉၄၂ ရုံတွင် လုံခြုံ ရေးဖြည့်တင်းပေးခဲ့ကာ နယ်စပ်အစွန်အဖျားရှိ ကျန်မဲရုံ ၄၃၁ ရုံ ကိုမူလုံခြုံရေးခြိမ်းခြောက်မှုများကြောင့် မဲပေးပွဲနေ့တွင်ဖွင့်လှစ်မည်မဟုတ်ကြောင်း ရွေးကောက်ပွဲတာဝန်ရှိသူများကပြောကြားသည်။အာဖဂန်နစ္စတန်နိုင်ငံတွင် မဲပေးနိုင်သူ ၉ ဒသမ ၄ သန်းကျော်ရှိသည့်အနက် ၃၅ ရာခိုင်နှုန်းမှာအမျိုးသ မီးမျာဖြစ်ကြကြောင်းသိရသည်။(Xinhua)