Connect with us

Asia

အာရှ အမျိုးသမီးကလပ် ဘော်လီဘော ချန်ပီယံဆု ၂၀၁၅ အား ထိုင်းနိုင်ငံမှ ရရှိ

၂၀၁၅ အာရှ အမျိုးသမီးကလပ် ဘော်လီဘော ချန်ပီယံရှစ်ပြိုင်ပွဲမြင်ကွင်း (ဓာတ်ပုံ- asianvolleyball.net)

ဟနွိုင်း၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ဗီယက်နမ် နိုင်ငံမြောက်ပိုင်း ဟနမ်ဒေသတွင် ကျင်းပနေသော ၂၀၁၅ ခုနှစ် အာရှ အမျိုးသမီးကလပ် ဘော်လီဘော တံခွန်စိုက်ပြိုင်ပွဲ၌ ထိုင်းနိုင်ငံမှ Bangkok Glass အဖွဲ့သည် ဂျပန်နိုင်ငံ Hisamitsu Seiyaku Springs အဖွဲ့ကို ၃-၂ (၂၅-၂၂၊ ၂၀-၂၅၊ ၂၃-၂၅၊ ၂၅-၂၂၊ ၁၅-၁၂) ဖြင့် အနိုင်ရခဲ့ပြီး ချန်ပီယံဆုအား တနင်္ဂနွေနေ့က ဆွတ်ခူး နိုင်ခဲ့သည်။

ဗိုလ်လုပွဲစဉ်တွင် ပြိုင်ဘက် ဂျပန်အသင်းအား အနိုင်ယူခဲ့သူ ထိုင်းကစားသမားများသည် ၂၀၁၆ ခုနှစ် အောက်တို ဘာလတွင် ကျင်းပမည့် FIVB ၏ ဘော်လီဘော အမျိုုးသမီး ကလပ် ကမ္ဘာ့ ချန်ပီယံရှစ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့် ရရှိသွားပါသည်။

ယင်းတနင်္ဂနွေနေ့ ပြိုင်ပွဲတွင် တရုတ်နိုင်ငံ မှ ကျဲ့ကျန်းအဖွဲ့သည် တရုတ် တိုင်ပေ၏ ထိုင်ဝမ် ပါဝါအဖွဲ့အား ၃-၀ ဖြင့် ကစားနိုင်ခဲ့သည်။

နှစ်စဉ် ဘော်လီဘော တံခွန်စိုက်ပြိုင်ပွဲအား ဗီယက်နမ်နိုင်ငံ ဟနမ်မြို့တွင် စက်တင်ဘာလ ၁၂ ရက်ကစ၍ ကျင်းပ ခဲ့ပြီး တရုတ်၊ တရုတ်တိုင်ပေ၊ မြောက်ကိုရီယား (DPRK)၊ အီရန်၊ ဂျပန်၊ ကာဇက်စတန်၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗီယက်နမ် စသည့် နိုင်ငံနှင့် ဒေသများမှ အသင်း ၉ သင်း ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.