Connect with us

Asia

အိန္ဒိယတွင် ကျရောက်သည့် အပူလှိုင်း ဒဏ်ကြောင့် သေဆုံးသူ ၁,၇၀၀ ဦးရေ အထိတိုးလာ

အိန္ဒိယနိုင်ငံရှိ အပူလှိုင်းဒဏ် ခံစားနေရသည့် ပြည်နယ်တစ်ခု မြင်ကွင်း (ဆင်ဟွာ)

နယူးဒေလီ ၊ မေ ၂၉ ရက် (ဆင်ဟွာ)

အိန္ဒိယတွင် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ကျရောက်ခဲ့သည့် အပူလှိုင်းဒဏ်ကြောင့် သေဆုံးသူ ဦးရေမှာ ၁,၇၀၀ အထိ တိုးလာကြောင်း သက်ဆိုင်ရာက မေလ ၂၉ ရက်တွင် ပြောကြားသည်။

“သေဆုံးသူ အများစုက တောင်ဘက် ပြည်နယ် တွေဖြစ်တဲ့ Andhra Pradesh နဲ့ Telangana မှာ နေထိုင်သူတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီ အတွင်းမှာ Telanganaက လူပေါင်း ၁၀၀ ခန့်က အပူဒဏ်ကြောင့် သေဆုံးခဲ့ပါတယ်” ဟု ဆိုသည်။

၎င်း ပြည်နယ်များတွင် အပူချိန်မှာ ၄၇ ဒီဂရီ စင်တီဂရိတ် ဝန်းကျင်တွင် ရှိပြီး အိန္ဒိယနိုင်ငံ၏ မြို့တော် နယူးဒေလီတွင် အပူချိန် ၄၅ ဒီဂရီ စင်တီဂရိတ် ဝန်းကျင်တွင် ရှိကြောင်း မိုးလေဝသက ဌာနက ထုတ်ပြန် ခဲ့သည်။

ထိုအပူလှိုင်းသည် လာမည့် တနင်္ဂနွေနေ့ အထိ ဆက်လက်ကျရောက် မည်ဖြစ် သဖြင့် အပူလှိုင်း သတိပေး ချက်ကို ၂ ရက် တိုးမြှင့်ကြောင်း မိုးလေဝသဌာနက ထုတ်ပြန် ကြေညာ ခဲ့သည်။

အပူလှိုင်း အဓိက ကျရောက်သည့် သက်ဆိုင်ရာ ပြည်နယ် အစိုးရ မှလည်း ပြည်သူများ အနေဖြင့် အပူချိန် အမြင့်ဆုံး အချိန်တွင် အပြင်သို့ မထွက်ရန် တိုက်တွန်း ထားပြီး ကျန်းမာရေးဌာန ကလည်း ယခုလို အချိန်တွင် အရည်များများ သောက်သုံးရန် တိုက်တွန်း ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.