Connect with us

Asia

အိန္ဒိယတွင် ဆေးရုံ မီးလောင်မှုအတွက် လေးဦး ဖမ်းဆီးထား

မီးလောင်မှု ဖြစ်ပွားခဲ့သည့် ဆေးရုံမှ လူနာများအား ကယ်ထုတ်နေရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အိုဒစ်ရှာပြည်နယ်တွင် ကြောက်မက်ဖွယ် လူသေဆုံးမှု ဖြစ်ပွားခဲ့သည့် ဆေးရုံ မီးလောင်ကျွမ်းမှုအတွက် ဆရာဝန် တစ်ဦး အပါအဝင် လူ လေးဦးအား ဖမ်းဆီးခဲ့ကြောင်း တာဝန်ရှိသူများက အောက်တိုဘာ ၁၉ ရက်၌ ပြောကြားခဲ့သည်။

အောက်တိုဘာလ ၁၇ ရက် ညနေပိုင်းက Bhubaneswar မြို့ရှိ ဆေးရုံအတွင်း မီးလောင်ကျွမ်းခဲ့ရာ လူ ၂၂ ဦး သေဆုံးခဲ့ပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

“လျှပ်စစ် ပေါ့ဆမှုမှာ တာဝန်ရှိသူဖြစ်တဲ့ ဆေးရုံ ဝန်ထမ်း လေးဦးကို ဖမ်းထားတယ်၊ သူတို့မှာ ဆေးရုံ ဆေးဝါးထောက်ပံ့မှု၊ မီးဘေး လုံခြုံမှု အရာရှှိနှင့် လျှပ်စစ် လုပ်သား နှစ်ဦးကို ပါဝင်ပါတယ်” ဟု Bhubaneswar မြို့ အဆင့်မြင့်အရာရှိ တစ်ဦးက ပြောသည်။

အဆိုပါ မီးလောင်ကျွမ်းမှုသည် ပုဂ္ဂလိက ဆေးရုံ၏ အထူးကြပ်မတ်ကုသဆောင်တွင် စတင်ဖြစ်ပွားခဲ့ကာ လေးထပ်ရှိ အဆောက်အဦတစ်ခုလုံး လောင်ကျွမ်းခဲ့သည်။

မီးလောင်ကျွမ်းရခြင်းသည် လျှပ်စစ် ရှော့ခ်ဖြစ်ခြင်းကြောင့်ဟု အစောပိုင်းက အစီရင်ခံထားသော်လည်း တာဝန်ရှိသူများက မီးလောင်ကျွမ်းရခြင်း အကြောင်းရင်းအား စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း သိရသည်။

ယင်း မီးလောင်ကျွမ်းမှုသည် ပေါ့ဆမှု တစ်ခုကြောင့်သာဖြစ်ပြီး လူသတ်ရန် ရည်ရွယ်ခြင်းကြောင့် မဟုတ်ကြောင်း ရဲအရာရှိများက ပြောသည်။

ဒဏ်ရာရသူများအနေဖြင့် မီးလောင်ဒဏ်ရာများ ခံစားခဲ့ရပြီး အချို့မှာ စိုးရိမ်ဖွယ်အခြေအနေတွင် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.