Connect with us

Asia

အိန္ဒိယတွင် မိုးကြိုးပစ်ချမှုကြောင့် လူ ၈၀ ဦး သေဆုံးခဲ့

မိုးကြိုးပစ်ချခြင်းအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

နယူးဒေလီ၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့် နှစ်ရက်အတွင်း မိုးကြိုးပစ်ခြင်း၊ မိုးရွာမှုများနှင့် ဆက်စပ်သည့် မတော်တဆမှုများကြောင့် အနည်းဆုံး လူ ၈၀ ဦးခန့် သေဆုံးခဲ့ကြောင်း အဆင့်မြင့်အရာရှိ တစ်ဦးက ဇွန်လ ၂၂ ရက်က ပြောကြား ခဲ့သည်။

“ ဒီသေဆုံးမှုတွေက ဇွန်လ ၂၀ ရက်ကစပြီး နိုင်ငံအရှေ့ပိုင်းရှိ ဘီဟာနဲ့ ဂျဟာခန် ပြည်နယ်များ၊ နိုင်ငံမြောက် ပိုင်းရှိ ဥတ္တရာပရာဒတ်ရှ် ပြည်နယ်တွေမှာ သေဆုံးခဲ့တဲ့ စာရင်းတွေပါ” ဟု အမည်မဖော်လိုသူ အဆိုပါ သတင်း ရင်းမြစ်က ပြောသည်။
ဘီဟာပြည်နယ်တွင် သေဆုံးသူ ၅၃ ဦး၊ ဂျဟာခန်ပြည်နယ်တွင် သေဆုံးသူ ၁၀ ဦးနှင့် ဥတ္တရာပြည်နယ်တွင်မူ ၁၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
မိုးကြိုးပစ်ခံရ၍ သေဆုံးခဲ့သူ အများစုမှာ လယ်ကွင်းများတွင် အလုပ်လုပ်ကိုင်နေသည့် စိုက်ပျိုးရေး အလုပ်သမားများ ဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။
အိန္ဒိယနိုင်ငံတွင် မုတ်သုန်မိုး သည်းထန်စွာ ရွာသွန်းနေစဉ် အတွင်း မိုးကြိုးပစ်မှုများ ဖြစ်ပွားလေ့ ရှိသည်။ မုတ်သုန် ရာသီဥတုသည် နှစ်စဉ် ဇွန်လမှ စက်တင်ဘာလအတွင်း ကျရောက်လေ့ ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.