Connect with us

Asia

အိန္ဒိယတွင် အကျည်းတန်၊ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းသည့် မိန်းကလေးများ ပေးရသော ဒိုရီကြေး တိုးမြှင့်

အိန္ဒိယနိုင်ငံတွင် လက်ထပ်မည့် အမျိုးသမီးဘက်က ပေးရသည့် ဒိုရီများအား တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရက်ရှ်ထရာပြည်နယ် ပြဋ္ဌာန်းစာအုပ် တစ်အုပ်တွင် ရုပ်ဆိုး အကျည်းတန်သူနှင့် ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းသူ အမျိုးသမီးများအနေဖြင့် အဆိုပါ အဓိက အကြောင်းပြချက်ကြီး နှစ်ခုကြောင့် လက်ထပ်ရာတွင် အမျိုးသမီးဘက်က တင်တောင်းရမည့် လက်ဖွဲ့ကြေး (Dowry) တိုးမြှင့်ရန် တောင်းဆိုမှုနှင့် ပတ်သက်၍ အငြင်းပွားမှု တစ်ခု ပေါ်ပေါက်ခဲ့သည်။

ထို ပြဋ္ဌာန်းစာအုပ် စာပိုဒ် တစ်ခုတွင် အကယ်၍ မိန်းကလေး တစ်ဦးက ရုပ်ဆိုးပြီး အကျည်းတန်နေပါက အိမ်ထောင်ပြုရန် ခက်ခဲမည် ဖြစ်ပြီး ထို မိန်းကလေး အနေဖြင့် လက်ထပ်ပါက သတို့သားနှင့် သတို့သား၏ မိသားစုဘက်မှ ဒိုရီများစွာ တောင်းခြင်းခံရမည် ဖြစ်ကြောင်း ဖော်ပြထားခဲ့သည်။

အဆိုပါ ပြဋ္ဌာန်း စာအုပ်ရှိ အပိုဒ်အား မကြာမီ မကြာမီ ဖယ်ရှားပေးရန် ဒေသခံ အာဏာပိုင်များက ပြောကြားခဲ့ကြသော်လည်း ဆယ်စုနှစ်ကျော်ကြာ အလေ့အထ၏ ဆိုးဝါးမှုများအဖြစ် မီးမောင်းထိုးပြကာ လူထုအကြား ဒေါသတကြီး ဖြစ်စေခဲ့သည်။

အိန္ဒိယ မင်္ဂလာဆောင် တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

“ဒါဟာ နိုင်ငံအတွင်း လူမျိုးရေး မုန်းတီးမှု တစ်မျိုးလဲ ဖြစ်တယ်၊ လက်ထပ်စဉ်မှာ ဒိုရီ ပေးဆောင်သင့်တယ်လို့ ယုံကြည်သူတွေရဲ့ ခေတ်နောက်ပြန်ဆွဲတဲ့ သဘောထားလဲ ဖြစ်တယ်၊ အဲဒီ ပြဋ္ဌာန်းချက်ကို အမြန်ဆုံး ပယ်ဖျက်ဖို့ လိုအပ်ပါတယ်” တက်ကြွလှုပ်ရှားသူ Raj C. Roy က လူမှု မီဒီယာသို့ ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံတွင် ဒိုရီ ပေးဆောင်မှုအား တရားမဝင်ကြောင်း ကြေညာထားသော်လည်း ဆယ်စုနှစ်များစွာ ကတည်းက နိုင်ငံအတွင်း ပျံ့နှံ့နေသည့် အလေ့အထ တစ်ရပ် ဖြစ်နေခဲ့ကြောင်း၊ ယင်း အချက်သည် အမျိုးသမီးများအား အိမ်တွင်း အကြမ်းဖက်မှုနှင့် သေဆုံးမှုအထိ ဖြစ်လာစေခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.