Connect with us

Asia

အင်ဒိုနီးရှား အနောက်ပိုင်းတွင် မီးတောင်တစ်လုံး ပေါက်ကွဲမှုများ ဆက်လက်ဖြစ်နေ

အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်ရှိ ဆင်နာဘန်မီးတောင် ပေါက်ကွဲနေပုံ (ဓါတ်ပုံ-အင်တာနက်)

ဂျာကာတာ၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက် မြောက်ဆူမားတြားပြည်နယ် ရှိ ဆင်နာဘန်မီးတောင် သည် ဖေဖော်ဝါရီ ၇ ရက် အထိ ပေါက်ကွဲမှုများဆက်လက်ဖြစ်ပွားနေပြီး အမြင့် ၂ကီလိုမီတာ အထိ ပြာပူများ မှုတ်ထုတ်လျက် ရှိကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဋ္ဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ပြာပူများသည် မီးတောင်ထိပ်ဝ၏ အရှေ့ဘက်သို့ ပျံ့နှံ့နေပြီး ချော်ရေပူများသည်လည်း မီးတောင်ထိပ်ဝ ၏ တောင်ဘက်၊ အရှေ့တောင်ဘက် နှင့် အရှေ့ဘက် ၂ကီလိုမီတာ အထိ စီးဆင်းနေကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ Sutopo Purwo Nugroho ကပြောကြားခဲ့သည်။

၎င်းက ဆင်နာဘန်မီးတောင် တောင်စောင်းတစ်လျှောက် ရှိ မြစ်များနံဘေးတွင် နေထိုင်သူများအား ချော်ရည်များ စီးဆင်းလာနိုင်သည့် အန္တရာယ်ရှိကြောင်း သတိပေးချက်ထုတ်ပြန်ထားသည်ဟု ပြောကြားခဲ့သည်။

ကမ္ဘာလှည့်ခရီးသည်များ နှင့် ရွာသားများအား မီးတောင်ထိပ်ဝ မှ ၃ကီလိုမီတာ အကွာအဝေးအတွင်း၊ မီးတောင်ထိပ်ဝ၏ တောင်ဘက် မှ အရှေ့တောင်ဘက် ၇ကီလိုမီတာ အတွင်း၊ မီးတောင်ထိပ်ဝ၏ အရှေ့တောင်ဘက် မှ အရှေ့ဘက် ၆ကီလိုမီတာ အတွင်း၊ မီးတောင်ထပ်ဝ၏ မြောက်ဘက် မှ အရှေ့ဘက် ၄ကီလိုမီတာ အတွင်း ဝင်ရောက်မှုအား တားမြစ်ထားကြောင်း သိရသည်။

အဆိုပါ မီးတောင်သည် ဖေဖော်ဝါရီ ၂ရက်တွင် စတင်ပေါက်ကွဲခဲ့ခြင်းဖြစ်သော်လည်း ပြောင်းရွှေ့ကယ်ဆယ်မှုများ ပြုလုပ်ခဲ့ခြင်းမရှိကြောင်း Sutopo ကပြောကြားခဲ့သည်။

ဆင်နာဘန်မီးတောင် သည် အင်ဒိုနီးရှားနိုင်ငံ၏ မီးတောင်ရှင် ၁၂၉ခုအနက် တစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.