Asia
အိန္ဒိယနိုင်ငံတွင် စက်ရုံ ပေါက်ကွဲမှုကြောင့် ၃ ဦးသေ၊ ၂၈ ဦး ဒဏ်ရာ ရရှိ
နယူးဒေလီ၊ မေ ၂၆ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ Maharashtra ပြည်နယ်ရှိ ဓါတုဗေဒ စက်ရုံအတွင်း မေလ ၂၆ ရက်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့၍ အနည်းဆုံး လူသုံးဦး သေဆုံးပြီး ၂၈ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ပေါက်ကွဲမှုသည် Maharashtra ပြည်နယ် မြို့တော် မွန်ဘိုင်း မြောက်ဘက် ကီလိုမီတာ ၄၀ အကွာ သိန်းဒေသ ရှိ Dombivali တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
တာဝန်ရှိသူက ဓါတုဗေဒ စက်ရုံအတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူ သုံးဦး သေဆုံးပြီး ၂၈ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း ပေါက်ကွဲမှုသည် စက်ရုံရှိ ဘွိုင်လာ အတွင်းမှ ဖြစ်ပွားခဲ့ပြီးနောက် မီးလောင်မှု ဖြစ်ပေါ်စေခဲ့ကြောင်း ပြောကြားခဲ့သည်။
၎င်းက ဒဏ်ရာရရှိသူ အားလုံးကို နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း ပြောကြားခဲ့သည်။
ရုပ်သံ ထုတ်လွှင့်မှုများကမူ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူ ဦးရေသည် ၁၀၀ ကျော်ရှိကြောင်း ဖော်ပြခဲ့သည်။
ပေါက်ကွဲမှုဒဏ်ကို ဘေးပတ်လည် ၄ ကီလိုမီတာ အတွင်းရှိ လူများ ခံစားခဲ့ရပြီး အဆောက်အဦများစွာ၏ ပြတင်းပေါက် မှန်များ ပျက်စီးခဲ့ရကြောင်း သိရသည်။
အာဏာပိုင်များသည် အခင်းဖြစ်ပွားရာသို့ မီးသတ်ကားများ စေလွှတ်ခဲ့ပြီး တစ်ပြိုင်နက်တည်းမှာပင် ပြည်နယ်အစိုးရက ပေါက်ကွဲမှု ဖြစ်ပွားရခြင်း အကြောင်းရင်းကို စုံစမ်းရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။ (Xinhua)