Connect with us

Asia

ဖူကူရှီးမား အနိဌာရုံနောက်ဆက်တွဲအပေါ် ဂျပန်အစိုးရကိုင်တွယ်ပုံ တာဝန်ယူမှု လျော့နည်းခဲ့သလား

ဖူကူရှီးမား နျူကလီးယား မတော်တဆမှုအတွင်း ဓာတ်ပေါင်းဖို တည်ရှိရာလမ်းအား ပိတ်ထားစဉ် (ဆင်ဟွာ)

ပေကျင်း ၊ မေ ၂၄ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ၌ လွန်ခဲ့သော ၅ နှစ်က ဖြစ်ပွားခဲ့သည့် ဆူနာမီ လှိုင်းဒဏ်ကြောင့် ဖူကူရှီးမား နျူးကလီးယားဓာတ်ပေါင်းဖို မတော်တဆမှုတွင် အစိုးရ၏ ကိုင်တွယ်ပုံမှာ တာဝန်ယူမှုအပိုင်း အားနည်းခဲ့ကြောင်း ဝေဖန်မှုများထွက်ပေါ်နေသည်။

မတော်တဆမှုဖြစ်စဉ်အတွင်း ဂျပန်အစိုးရ၏ တုံ့ပြန် ကိုင်တွယ်ပုံ နှင့် နျူကလီးယား ဒဏ်သင့် ဒေသမှ နေရပ် စွန့်ခွာ သွားသူများ မူလနေရပ် ဖူကူရှီးမားသို့ ပြန်လာရာတွင် လိုအပ်သော သတင်း အချက်အလက်များ အပြည့်အဝပေးရန် ဂျပန်အစိုးရက တုံ့ဆိုင်းနေခဲ့ခြင်းအပေါ် ပြည်တွင်းနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအား ဒေါသ ဖြစ်စေခဲ့သည်။

ဖူကူရှီးမား နျူကလီးယား မတော်တဆမှုအတွင်း ဓာတ်ပေါင်းဖို တည်ရှိရာလမ်းအား ပိတ်ထားစဉ် (ဆင်ဟွာ)

The Asahi Shimbun ဂျပန် နေစဉ်သတင်းစာ နှင့် ဖူကူရှီးမား ဒေသတွင်း ထုတ်ဝေသည့် သတင်းစာ တစ်စောင်တို့မှ ၂ဝ၁၅ ခုနှစ် အတွင်း ပူးတွဲ ကောက်ခံသော စစ်တမ်းအရ ဖူကူရှီးမားဒေသခံပြည်သူ ၇ဝ ရာခိုင်နှုန်းကျော်က အစိုးရ၏ ကိုယ်တွယ်ပုံကို ကျေနပ်မှု မရှိကြောင်း ဖော်ပြခဲ့သည်။
ပြင်သစ်နေ့စဉ် သတင်းစာ တစ်စောင်ဖြစ်သည့် “ Le Monde ”သတင်းစာက ဖူကူရှီးမား နျူကလီးယား မတော်တဆမှု ၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် “ ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ဖူကူရှီးမား စာမျက်နှာကို ဖုံးအုပ်ပစ်ရန် စိတ်စောနေကြောင်း ” နှင့် “ မေ့ဖျောက်ပစ်ရန် ဆန္ဒရှိနေကြောင်း ” အယ်ဒီတာ့ အာဘော်ဖြင့် ရေးသား ဝေဖန်ခဲ့သည်။

၂ဝ၁၁ ခုနှစ် မတ်လ ၁၁ ရက်တွင် ပြင်းအား ၉.ဝ အဆင့်ရှိ ငလျင်တစ်ခုသည် ဂျပန်နိုင်ငံ အရှေ့ဖက် ကမ်းခြေတွင် လှုပ်ခတ်ခဲ့ပြီး ယင်းငလျင်ကြောင့် အမြင့် ၁၅ မီတာရှိ ဆူနာမီလှိုင်းများ ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ လှိုင်းလုံးကြီးများသည် ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယား စက်ရုံကို ပြင်းထန်စွာ ရိုက်ခတ်ခဲ့ပြီး နျူကလီးယား ဓာတ်ပေါင်းဖို အတွင်းရှိ ရေဒီယို သတ္တိကြွ ပစ္စည်းများ ယိုစိမ့်မှု များဖြစ်ပေါ်စေခဲ့သည်။ အဆိုပါ နျူကလီးယား မတော်တဆမှုသည် ၁၉၈၆ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ချာနိုဘိုင်း နျူကလီးယား မတော်တဆမှု နောက်ပိုင်း အဆိုးရွားဆုံး နျူကလီးယား မတော်တဆမှု ဖြစ်သည်။

ဖူကူရှီးမား မတော်တဆမှုကြောင့် ၎င်းဒေသအတွင်း နေထိုင်သည့် ပြည်သူ ၁၂ဝ,ဝဝဝ ကျော်မှာ နျူကလီးယား ဒုက္ခသည်များ အဖြစ် လူမှုဒုက္ခမျိုးစုံ ခံစားခဲ့ကြရသည်။ ၂ဝ၁၅ ခုနှစ်က ပြုလုပ်ခဲ့သော သုတေသန စစ်တမ်းအရ နျူကလီးယား မတော်တဆမှုဖြစ်ပွားခဲ့သည့် ဖူကူရှီးမား ဒေသတွင် နေထိုင်သည့် ကလေးငယ်များသည် ဂျပန်နိုင်ငံ တွင်းရှိ အခြားဒေသများ၌ နေထိုင်သော ကလေးငယ်များထက် သိုင်းရွိုက်အကျိတ် ကင်ဆာ ဖြစ်နိုင်ခြေ ၅ဝ ဆ ပိုများကြောင်း သိရသည်။

ထို့ပြင် ဒိုင်အိချိ နျူကလီးယား စက်ရုံအနီးတစ်ဝိုက်တွင် ဓာတ်ရောင်ခြည်ဖြာထွက်မှု အဆင့်ကို တိုင်းတာနေကြသော စေတနာ့ဝန်ထမ်း ဂျပန်လူမျိုးများ၏ စားရင်းများအရ ထိုနေရာ၏ ဓာတ်ရောင်ခြည် ဖြာထွက်မှု အဆင့်သည် တရားဝင်ညွှန်းကိန်းများ ထက် ၈ ဆ မှ ၁ဝ ဆ အထိ မြင့်တက်နေကြောင်း သိရသည်။

၂ဝ၁၃ ခုနှစ်တွင် နေ့စဉ် အနည်းဆုံး ဓာတ်ရောင်ခြည်သင့် မြေအောက်ရေ တန်ချိန် ၃ဝဝ သည် ပင်လယ်ထဲသို့စီးဝင်နေကြောင်း ၊ သို့သော် ဂျပန်ဝန်ကြီးချုပ် အာဘေးသည် နျူကလီးယား ယိုစိမ့်မှုကို လုံးဝ ထိန်းချုပ်ထားနိုင်ပြီ ဖြစ်၍ ကမ္ဘာ့အိုလံပစ် ပြိုင်ပွဲကို ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့် အပြည့်အဝ ရှိကြောင်း ပြောကြားခဲ့သည်။

ဖူကူရှီးမား အနိဌာရုံ နောက်ဆက်တွဲ အတွက် မေးခွန်းများမှာ မည်သည့် အခါမျှ အဆုံးသတ်ခဲ့ခြင်း မရှိပါ။ နိုင်ငံတကာ ပတ်ဝန်းကျင်ဆိုင်ရာ ကူးစက်ရောဂါ ထိန်းချုပ်ရေးအဖွဲ့က ဖူကူရှီးမား ဒေသတွင်း ကလေးငယ်များတွင် သိုင်းရွိက် အကျိတ်ကင်ဆာ ဖြစ်ပွားမှုနှုန်း မြင့်မားနေခြင်း အပေါ် စိုးရိမ် ပူပန်ကြောင်း နှင့် ယင်းကိစ္စနှင့် ပတ်သက်ပြီး အကူအညီ ပေးနိုင်ရန် အတွက် နိုင်ငံတကာ ကျွမ်းကျင် ပညာရှင်များကို ထိုနေရာသို့သွားရောက် လေ့လာခွင့် ပြုရန် ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလက ဂျပန် အစိုးရထံ စာပေးပို့တောင်းဆိုခဲ့သည်။ သို့သော် ယင်းကမ်းလှမ်းမှုအား ဂျပန်အစိုးရက ငြင်းပယ်ခဲ့သည်။

လွတ်လပ်သော စုံစမ်းစစ်ဆေးမှုများ ကန့်သတ်ခံရခြင်းနှင့် ပွင့်လင်းမြင်သာမှု မရှိသည့် နျူကလီးယား မတော်တဆမှု အဆင့် ၇ ဖြစ်စဉ် ၂ ကြိမ် ဖြစ်ပွားခဲ့ရာ ၎င်းတွင် ဖူကူရှီးမား မတော်တဆမှုလည်း တစ်ကြိမ် အပါအဝင် ဖြစ်ကြောင်း သိရသည်။

၂ဝ၂ဝ အိုလံပစ် ပြိုင်ပွဲ အိမ်ရှင်ဖြစ်ခွင့် ရရှိရေး နှင့် မေလ နှောင်းပိုင်းတွင် ပြုလုပ်မည့် G7 ထိပ်သီး ဆွေးနွေးပွဲ မတိုင်မီ ဖူကူရှီးမား မတော်တဆမှုတွင် အစိုးရ၏ ကိုင်တွယ်ပုံ အားနည်းခဲ့ခြင်း အပေါ် နိုင်ငံတကာမှ ဖိအားပေးလာမည်ကို ရှောင်လွှဲနိုင်ရန် ဂျပန်အစိုးရက ကြိုးပမ်း လုပ်ဆောင်လျက် ရှိနေသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117