Connect with us

Asia

အိန္ဒိယနိုင်ငံ တောင်ပိုင်းတွင် ယာဉ်မတော်တဆမှုကြောင့် ၁၂ ဦးသေဆုံး

အိန္ဒိယနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှု တစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဇွန် ၄ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ တောင်ပိုင်း Tamil Nadu ပြည်နယ် တွင် ဇွန်လ ၃ ရက်က ယာဉ်ဆင့်ကဲ တိုက်မိမှု ဖြစ်ပွားခဲ့ရာ လူ ၁၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ယာဉ်တိုက်မှုသည် Krishnagir ဒေသတွင် ဖြစ်ပွားခဲ့ပြီး ဖြစ်ပွားရခြင်း အကြောင်းမှာ ထရပ်ကား တစ်စီးသည် ဆင်ခြေလျှော အဆင်းတွင် ထိန်းချုပ်မှု ကင်းလွတ်ကာ ခရီးသည်ယာဉ် တစ်စီးနှင့် ခေါင်းချင်းဆိုင် တိုက်မိပြီးနောက် ယင်းယာဉ် နောက်တွင် ပါလာသည့် ကားတစ်စီးနှင့် ထပ်မံ တိုက်မိခဲ့ခြင်းကြောင့် ဖြစ်သည်။

သေဆုံးသူ အများစုသည် ခရီးသည်ယာဉ်မှ ဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရရှိသူများကို ကယ်ဆယ်ရေး ဝန်ထမ်းများနှင့် ရဲဝန်ထမ်းများက နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံတွင် ယာဉ်တိုက်မိများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ကမ္ဘာ့ကျန်းမားရေး အဖွဲ့အစည်း (WHO) ၏ ထုတ်ပြန်ချက်အရ အိန္ဒိယနိုင်ငံတွင် ယာဉ်မတော်တဆမှု များကြောင့် အနည်းဆုံး နှစ်စဉ် လူ ၂၀၀,၀၀၀ သေဆုံးနေရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.