Connect with us

Asia

မွမ်ဘိုင်းအဝေးပြေးလမ်းပေါ် ယာဉ်မတော်တဆမှု ၁၇ ဦးသေဆုံး

မွမ်ဘိုင်းအဝေးပြေးလမ်းမတွင် တိမ်းမှောက်သွားသော ဘတ်စ်ကားအားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ ၊ ဇွန် ၅ ရက်(ဆင်ဟွာ)

ဇွန်လ ၅ ရက် နံနက်စောစောပိုင်းက အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို ့အဝေးပြေးလမ်းမဘေးရှိ ပေ ၂ဝ အနက် မြောင်းထဲသို့ဘတ်စ်ကားတစ်စီးထိုးဆင်းသွားရာ အနည်းဆုံး လူ ၁၇ ဦးသေဆုံးပြီး ၄ဝ ကျော် ထိခိုက်ဒဏ်ရာရသွားကြောင်း သိရသည်။

အဆိုပါ ဘတ်စ်ကားသည် အဝေးပြေးလမ်းမပေါ်၌ အခြား ကား ၂ စီးအားဆင့်ကဲတိုက်မိရာမှ အရှိန်မထိန်းနိုင်ဘဲ မြောင်းထဲသို့ထိုးဆင်းသွားခြင်းဖြစ်ကြောင်း အကြီးတန်းရဲအရာရှိတစ်ဦးက ပြောသည်။
“ ဖြစ်တာက မနက် ၅ နာရီခွဲလောက်မှာပါ။ အဝေးပြေးလမ်းမဘေးမှာ တာယာလဲဖို့ရပ်ထားတဲ့ ကားကို အခြားကားဒရိုင်ဘာက ဝိုင်းကူလုပ်ပေးနေတုန်း အရှိန်ပြင်းပြင်းနဲ့မောင်းလာတဲ့ ဘတ်စ်ကားက ဝင်တိုက်သွားတာပါ ” ဟု ယာဉ်တိုင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ အမည်မဖော်လိုသူတစ်ဦး ကဆိုသည်။
အနက် ၂ဝ ပေရှိ မြောင်းထဲသို့ဘတ်စ်ကား မပြုတ်ကျခင် ၎င်းတိမ်းမှောက်သွားသော ဘတ်စ်ကားသည် စာရေးကိရိယာများတင်ဆောင်လာသည့် ကားကို အရင်ဦးဆုံးတိုက်မိပြီး ယင်းနောက်တွင် လမ်းဘေး၌ တာယာလဲရန်ရပ်ထားသည့် ကားကို ထပ်မံတိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ သေသွားတဲ့ ၁၇ ယောက်ထဲမှာ ၆လသာအရွယ် ကလေးတစ်ယောက်လဲ ပွဲချင်းပြီး ဆုံးသွားတယ်။ ဒဏ်ရာရသူတွေကိုတော့ နီးစပ်ရာ ဆေးရုံပို့ထားတယ်။ အဲဒီထဲက အချို့ကတော့ ဒဏ်ရာပြင်းတယ်။ သေဆုံးသူအများစုကတော့ ကံမကောင်းအကြာင်းမလှတဲ့ ဘတ်စ်ကားစီးခရီးသည်တွေပါပဲ ” ဟု ရဲအရာရှိကဆိုသည်။
အိန္ဒိယရုပ်မြင်သံကြား အစီအစဉ်တစ်ခုက ယာဉ်တိုက်မှုဖြစ်စဉ် နှင့်ပတ်သက်၍ ဘတ်စ်ကားယာဉ်မောင်းသည် မြူဆိုင်းနေသည့် လမ်းမပေါ်တွင် ရှေ့တွင်မောင်းနှင်နေသောကား၏ နောက်မီးကို သတိမထားမိခြင်းကြောင့် ဖြစ်နိုင်ကြောင်း မျက်မြင်သက်သေများအဆိုအရ သတင်းဖော်ပြခဲ့သည်။ သို့သော် ယာဉ်မတော်တဆမှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှု ပြုခဲ့ကြောင်း ၎င်းအရာရှိက ဆက်ပြောသည်။
အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် ယာဉ်မတော်တဆမှုနှုန်းအမြင့်ဆုံး နိုင်ငံဖြစ်ကြောင်း နှင့် နှစ်စဉ် ယာဉ်တိုက်မှုကြောင့် လူပေါင်း ၂ဝဝ,ဝဝဝ ကျော်သေဆုံးနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO) ထုတ်ပြန်ချက်အရ သိရသည်။

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.