Asia
အိန္ဒိယနိုင်ငံ မြောက်ပိုင်းရှိ ချောက်အတွင်းသို့ ကျောင်းကားတစ်စီးပြုတ်ကျမှုကြောင့် ကလေးငယ် ၉ ဦးသေဆုံး
နယူးဒေလီ၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတာပရာဒက်ရှ်ပြည်နယ် တာရီဂါဝဲခရိုင်ရှိ ချောက်တစ်ခုအတွင်း ကျောင်းကားတစ်စီး ပြုတ်ကျမှု သြဂုတ်လ ၆ ရက်တွင် ဖြစ်ပွားခဲ့ပြီး ကလေးငယ် အနည်းဆုံး ၉ ဦး သေဆုံးခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က ဆင်ဟွာသို့ တယ်လီဖုန်းမှတစ်ဆင့် ပြောကြားခဲ့သည်။
အဆိုပါ ဖြစ်ရပ်မှာ တာရီဂါဝဲခရိုင်ရှိ မတ်ဒန်နီဂီလမ်းရှိ ကန်ဆာလီကျေးရွာတွင် ဒေသစံတော်ချိန် နံနက် ရး၃၀ နာရီတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။
ကလေးငယ်များမှာ Angel Public School မှ ကျောင်းသားများဖြစ်ပြီး ဒဏ်ရာရသူများအား ဒေသတွင်း ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ ကလေးငယ်များအား ယင်းပြည်နယ်ရှိ Rishikesh မြို့သို့ လေယာဉ်ဖြင့်ရွှေ့ပြောင်းရန် ကြိုးပမ်းနေကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။
အခင်းဖြစ်ပွားရာနေရာသို့ ပြည်နယ် သဘာဝဘေးတုံ့ပြန်ရေးအဖွဲ့ (SDRF) တစ်ဖွဲ့က ကယ်ဆယ်ရေးလုပ်ငန်း နှင့် ဘေးအန္တရာယ်လျော့ပါးရေး လုပ်ဆောင်ရန် သွားခဲ့ကြောင်း သိရသည်။ (Xinhua)