Asia
အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် ဆောက်လက်စ အဆောက်အအုံ၏ ၅ထပ်မှ အလုပ်သမားတစ်ဦး ပြုတ်ကျသေဆုံး

မွမ်ဘိုင်း၊ မတ် ၃၁ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရှိ ဆောက်လက်စ အဆောက်အအုံ၏ ၅ထပ်မှ အသက် ၄၅နှစ်အရွယ် အလုပ်သမားတစ်ဦး မတ်၃၀ ရက်တွင် ပြုတ်ကျသေဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါအလုပ်သမားသည် အဆောက်အအုံ၏ အပေါ်ဆုံးထပ်သို့ ပစ္စည်းကိရိယာများ တင်ပို့ရန် ပြုလုပ်ထားသော နေရာတစ်ခုမှ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း မွမ်ဘိုင်းမြို့တောင်ပိုင်း Dongri ရဲဌာန မှ အကြီးတန်း စစ်ဆေးရေးအရာရှိ Sandeep Bhagdikar ကပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံ၏ အခြေခံအဆောက်အအုံများ တိုးတက်လာခြင်းသည် ယင်းကဲ့သို့ ဆောက်လုပ်ရေးလုပ်ငန်းများ၌ သေဆုံးမှုများကို မြင့်တက်လာစေခဲ့ပြီး အလားတူကိစ္စရပ်များအတွက် တိကျသည့် အချက်အလက်များ ရရှိခြင်းမရှိကြောင်း လုပ်ငန်းပိုင်းသတင်းရင်းမြစ်များအရသိရသည်။ (Xinhua)