Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

အိန္ဒိယနိုင်ငံ အနောက်ပိုင်းတွင် တိုက်လေယာဉ် ပျက်ကျ - Xinhua News Agency
Connect with us

Asia

အိန္ဒိယနိုင်ငံ အနောက်ပိုင်းတွင် တိုက်လေယာဉ် ပျက်ကျ

အိန္ဒိယတွင် ပျက်ကျသွားသည့် တိုက်လေယာဉ်အား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

နယူးဒေလီ၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အနောက်ဘက် ရာဂျက်စ်သန်ပြည်နယ် ဂျတ်ပါးရ်မြို့အနီး၌ အိန္ဒိယ လေတပ်၏ MiG-27 တိုက် လေယာဉ် တစ်စီး ပျက်ကျခဲ့ကြောင်း အဆင့်မြင့် အရာရှိတစ်ဦး ပြောကြားခဲ့သည်။

လေယာဉ်မှူး နှစ်ဦးမှာ လေယာဉ်ထိုင်ခုံမှ အရှိန်ဖြင့် ဘေးကင်းစွာ ခုန်ထွက်နိုင်ခဲ့သော်လည်း မြေပြင်ရှိ လူ ၃ ဦးမှာမူ ဒဏ်ရာများ ရရှိခဲ့ပြီး လေယာဉ် ပျက်ကျသည့်နေရာအနီးရှိ အဆောက်အဦ တစ်လုံးမှာလည်း ပျက်စီးခဲ့ ကြောင်း အမည်မဖော်လိုသူ သတင်းရင်းမြစ်က ဆိုသည်။
အဆိုပါ လေ့ကျင့်ရေး တိုက်လေယာဉ်မှာ ဟောင်းနွမ်းနေသလို ဂျတ်ပါးရ် လေတပ်အခြေစိုက်စခန်းမှ ထွက်ခွာ ပြီးလျှင်ပြီးချင်း ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ မတော်တဆမှုဖြစ်စဉ်အား ခုံရုံးဖွဲ့စစ်ဆေးရန် အိန္ဒိယလေတပ်က ညွှန်ကြားထားကြောင်း အဆိုပါ သတင်းရင်းမြစ်က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.