Connect with us

Asia

အိန္ဒိယနိုင်ငံ အာသံပြည်နယ်၌ ရေကြီးမှုဖြစ်ပွား ၊ လူ ၆ ဦးသေဆုံးပြီး ၉ဝဝ,ဝဝဝ ခန့်ရေဘေးသင့်လျက်ရှိ


နယူးဒေလီ ၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း အာသံပြည်နယ်၌ ရေကြီးရေလျှံမှုဖြစ်ပွားရာ အနည်းဆုံး လူ ၆ ဦးသေဆုံးပြီး ၉ဝဝ,ဝဝဝ ခန့်ရေဘေးသင့်လျက်ရှိကြောင်း အစိုးရတာဝန်ရှိသူများက ဇူလိုင် ၁၃ ရက်တွင် ပြောကြားခဲ့သည်။

“ ပြည်နယ်အတွင်းရှိ ခရိုင် ၂၁ ခုမှာ ရေကြီးမှုဖြစ်ပွားနေပြီး လူပေါင်း ၉ဝဝ,ဝဝဝ နီးပါးလောက် ရေးဘေးကြုံတွေ့နေရပါတယ်” ဟု ပြည်နယ်အစိုးရအရာရှိတစ်ဦးက ဆိုသည်။ထို့ပြင် “ ရေကြီးရေလျှံမှုကြောင့် အခုချိန်ထိ သေဆုံးသူ ၆ ဦးရှိနေပါပြီ” ဟူ၍လည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ၌ အာသံပြည်နယ်၌ ရေကြီးမှုဖြစ်ပွားနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နေရာများစွာတွင် ရေဖုံးလွှမ်းလျက်ရှိကြောင်း နှင့် ကမ္ဘာ့အကြီးဆုံး မြစ်ကြီးများထဲတွင်တစ်ခုအပါအဝင်ဖြစ်သော အိန္ဒိယနိုင်ငံရှိ ဗြဟ္မပုထြမြစ်(Brahmaputra)အပါအဝင် အခြားမြစ်ပေါင်းများစွာ၌လည်း မြစ်ရေတက်လျက်ရှိကြောင်း အစိုးရတာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

ရေးဘေးသင့်ဒေသမှ ပြည်သူများအတွက် ကယ်ဆယ်ရေး ၊ ရှာဖွေရေး နှင့် ပြန်လည်နေရာချထားရေးများကို ဆောင်ရွက်ပေးနေကြောင်း တာဝန်ရှိသူများ ကဆိုသည်။

“ ရေးဘေးသင့်ပြည်သူတွေအတွက် လက်ရှိမှာ ကယ်ဆယ်ရေးစခန်း ၆၈ ခုဖွင့်လှစ်ထားပါတယ်။ အစားအစာတွေ ၊ သောက်သုံးရေတွေ ကိုလည်း ဖြန့်ဖြူးပေးနေပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

မိုးရေကြီးခြင်းနှင့်အတူ မြေပြိုမှုများလည်း ဖြစ်ပွားနေပြီး အချို့နေရာများတွင် လမ်းပိုင်းများ ပျက်စီးလျက်ရှိကြောင်း သိရသည်။ “ Dima Hasao ခရိုင်အတွင်းက Lumding နဲ့Silchar ကြားမှာ ရထားလမ်းပျက်နေပါတယ်။ အဲဒီပျက်သွားတဲ့လမ်းပိုင်းပြန်ကောင်းအောင် အစွမ်းကုန်ကြိုးပမ်းလုပ်ဆောင်နေပါတယ်” ဟု တာဝန်ရှိသူများက ဆိုသည်။

အာသံပြည်နယ်အထက်ပိုင်းတွင် တည်ရှိသော Kaziranga အမျိုးသားဥယျာဉ်၌လည်း ရေဖုံးလွှမ်းနေပြီး ၎င်းဥယျာဉ်အတွင်းမွေးမြူထားသော တောရိုင်းတိရစ္ဆာန်များကို ဘေးလွတ်ရာသို့ပြောင်းရွှေ့ပေးနေရကြောင်း သိရသည်။

Kaziranga အမျိုးသားဥယျာဉ်သည် မျိုးတုံးမှုအန္တရာယ်ဖြင့်ကြုံတွေ့နေရသည့် ဦးချိုတစ်ခုတည်းပါကြံ့ကြီး များကို စောင့်ရှောက်ထားသော နေရာလည်းဖြစ်သည်။ လက်ရှိတွင် ပြည်နယ်အတွင်းရှိ စိုက်ပျိုးမြေ ဟက်တာ ၂၇,ဝဝဝ ကျော်ရေဖုံးလွှမ်းနေကြောင်း တာဝန်ရှိသူများက ဆိုသည်။

အာသံပြည်နယ်သည် မုတ်သုံရာသီတွင် ရေကြီးရေလျှံမှု အမြဲလိုလိုဖြစ်ပွားနေသော ပြည်နယ်တစ်ခုဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.